Samsung အနေနဲ့ Galaxy M22 နဲ့ပတ်သက်တဲ့အချက်အလက်တွေကို တရားဝင်ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ SM225FV_DS မော်ဒယ်နာမည်နဲ့ Bluetooth certification ရလာတာကတော့ ဒီဟန်းဆက်ရဲ့ ထွက်ပေါ်လာမဲ့ရက်က အတော်လေးနီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။

Galaxy M22 ကို တရားဝင်ဖြန့်ချိတာမျိုးမလုပ်သေးပေမဲ့ ဥရောပက လက်လီရောင်းချသူတစ်ဦးက ဒီဟန်းဆက်ကို အရောင်းစာရင်းတင်ထားတာတော့ တွေ့မြင်လာရပါတယ်။ ကံမကောင်းအကြောင်းမလှတာကတော့ Galaxy M22 ရဲ့ Hardware ပိုင်းဆိုင်ရာအသေးစိတ်အချက်အလက်ကို မတွေ့မြင်ရသေးတာပါပဲ။ ဒါပေမဲ့ ဈေးနှုန်းကတော့ EUR 239.90 (၄ သိန်း ၇သောင်းဝန်းကျင်) လို့ ရည်ညွှန်းထားပါတယ်။

ဈေးနှုန်းကို အခြေပြုပြီးစဉ်းစားကြည့်မယ်ဆိုရင်တော့ ဒီဟန်းဆက်ဟာ 4GB RAM နဲ့ 128GB storage အမျိုးအစားအတွက် ဖြစ်နိုင်ပါတယ်။ Galaxy M22 ဟာ Galaxy A22 ကို အခြေခံထားမယ်လို့လည်း ယူဆရပါတယ်။ GeekBench ကရတဲ့အချက်အလက်အရဆိုရင်တော့ Galaxy M22 (SM-M225FV) ဟာ MediaTek Helio G80 မောင်းနှင်ထားတာကို သိနိုင်ပါတယ်။

FCC အရဆိုရင်လည်း Galaxy M22 ဟာ 25W အမြန်အားသွင်းစနစ်ကိုထောက်ပံ့ထားတာတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲကိုတော့ ပုံမှန် 15W charger နဲ့ပဲတွဲထည့်ပေးလိုက်မယ်လို့ သိရပါတယ်။ Galaxy M-series ရဲ့ အစဉ်အလာအရဆိုရင် Galaxy M22 ဟာ Galaxy A22 ထက် ပိုကြီးတဲ့ဘက်ထရီနဲ့ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဖြစ်နိုင်တာကတော့ 6,000mAh ပါပဲ။

Galaxy M22 ဟာ 6.4-inch, 90Hz, Super AMOLED, 720p display နဲ့ဖြစ်ပြီး ကျောဘက်မှာ 48MP အဓိကကင်မရာ၊ 8MP ultrawide, depth နဲ့ macro ကင်မရာတွေကို တပ်ဆင်ထားမယ်လို့ သတင်းထွက်ထားပါတယ်။ အခုအချိန်အထိတော့ ခိုင်လုံတဲ့အထောက်အထားမတွေ့ရသေးတာကြောင့် ရက်အနည်းငယ်စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena