Android ဗားရှင်းသစ်တွေကို Update လုပ်ပေးတဲ့နေရာမှာ Samsung ဟာ မြန်ဆန်တယ်လို့ အကြိမ်ကြိမ်ပြောခဲ့ကြပါတယ်။ အခုလည်း တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက သူတို့ရဲ့ Android ဗားရှင်းသစ်ထောက်ပံ့မှုတွေကို Device သစ်တွေဆီ ထပ်ပြီးပို့ဆောင်ပေးလိုက်တာကို တွေ့ရှိနေရပါတယ်။

နှစ်စဉ်နှစ်တိုင်း စမတ်ဖုန်းပေါင်းများစွာကို မော်ဒယ်ပေါင်းများစွာနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ ရာနှုန်းပြည့်ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရသင့်ရထိုက်တဲ့ မော်ဒယ်တွေက၊ ရသင့်ရထိုက်တဲ့အချိန်မှာ Android Update ကိုရရှိတယ်ဆိုတာကတော့ ကျေနပ်စရာတစ်ခုပါပဲ။

Samsung Galaxy M22 ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ မိတ်ဆက်ခဲ့တာပါ။ (Android 12 တရားဝင်ဖြစ်ပြီးနှင့်ချိန်) အခုအချိန်မှာတော့ One UI 4.1 နဲ့အတူ Android 12 ရဲ့ အရသာကို ရယူခံစားနိုင်ပြီ ဖြစ်ပါတယ်။ အနည်းဆုံးတော့ Samsung Skin ရဲ့ နောက်ဆုံးထွက်ကို ရယူသုံးစွဲနိုင်ပြီဆိုတာပါပဲ။ April 2022 security patch လည်း ရရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Low-end device တွေအတွက် နည်းပါးတဲ့အခွင့်အရေးပဲရရှိတာကို ခွင့်လွှတ်ပေးရပါမယ်။ Galaxy M22 ဟာ ဈေးနှုန်းသက်သာပြီး အတွင်းအစိတ်အပိုင်းတွေကလည်း အဆင့်မြင့်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် One UI ရဲ့ Core ဗားရှင်းကိုလုပ်ဆောင်ထားပေမဲ့ အဆင့်မြင့် Device တွေမှာရရှိနိုင်တဲ့ Feature အချို့ကို ရယူနိုင်မှာမဟုတ်တာကိုတော့ နားလည်လက်ခံရမှာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာတော့ Galaxy M22 အတွက် Android 12 Update ကို Saudi Arabia နဲ့ UAE နှစ်နိုင်ငံမှာ Build number M225FVXXU4BFD8 နဲ့အတူ ရယူနိုင်သေးတာ ဖြစ်ပါတယ်။

Ref: GSM Arena