၂၀၂၀ ပြည့်နှစ်ကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ Samsung ရဲ့ One UI 3.0 ထုတ်လွှတ်မှုနှုန်းကလည်း ပိုပြီးမြန်ဆန်လာတာကို တွေ့ရပါတယ်။ ကနဦး Developer beta ပြီးတဲ့နောက် အချိန်ကွာဟမှုကြီးကြီးမားမားမရှိဘဲ Flagship အချို့ဆီ Stable update တွေကို ထုတ်ပေးလာနိုင်တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဘတ်ဂျက်တန်းဝင် M စီးရီးဆီ One UI 3.0 beta update က ရောက်ရှိလာပြီ ဖြစ်ပါတယ်။ SamMobile ရဲ့ သတင်းထုတ်ပြန်ချက်အရ Samsung ဟာ အိန္ဒိယက Galaxy M31 တွေအတွက် Beta ပရိုဂရမ်ကို ကြေညာလိုက်ပြီလို့ သိရပါတယ်။ ဒီအစီအစဉ်မှာပါဝင်ဖို့အတွက် Samsung Member App ကတစ်ဆင့် စာရင်းပေးသွင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Galaxy M31 အတွက် One UI Core 3.0 Beta ဟာ Firmware version M315FDDU2ZTLF နဲ့ မှတ်ပုံတင်ထားတဲ့ Device တွေဆီ ရောက်ရှိမှာ ဖြစ်ပါတယ်။ Android 11 OS upgrade နဲ့အတူ December 2020 security patch လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကနဦး Beta ဗားရှင်းတွေရဲ့ ထုံးစံအတိုင်း Bugs တွေတော့ ပါဝင်လာဖွယ်ရှိတာကြောင့် Stable ဗားရှင်းထွက်အောင် စောင့်ဆိုင်းတာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

Update သစ်မှာတော့ Android 11 ရဲ့ Features တွေလို Chat bubbles, ပြန်ပြင်ထားတဲ့ Notification စတာတွေ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ ဒီ Beta ဗားရှင်းကြောင့် Stable ဗားရှင်းကို မူလသတ်မှတ်ထားတဲ့ ၂၀၂၁ မတ်လထက် စောပြီး ရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအချိန်မှာတော့ Flagships တွေဖြစ်တဲ့ Galaxy S20 စီးရီး (S20 FE လည်းပါဝင်), Note 20 စီးရီး၊ Galaxy S10 Lite နဲ့ Z Flip 5G တို့ဟာ Stable Update တွေ ရရှိပြီ ဖြစ်ပါတယ်။

Ref: Gizmochina