စျေးနှုန်းချိုသာမှုကြောင့် လူကြိုက်များနေတဲ့ Galaxy M စီးရီးဟာ နောက်ထပ်အဖွဲ့ဝင်သစ်တစ်ယောက်ကို မိတ်ဆက်လိုက်ပြီး Galaxy M31s လို့ အမည်ပေးထားပါတယ်။ ဒီဖုန်းမှာ 6.5” Super AMOLED Display ပါဝင်ပြီး M စီးရီးထဲက ပထမဆုံး sAMOLED Display အသုံးပြုလာခြင်းလည်း ဖြစ်ပါတယ်။

6,000 mAh ဘက္ထရီကြီးကို 25W အားသွင်းစနစ်ထောက်ပံ့ပေးပေမယ့် သူ့ရဲ့ မူရင်း Charger နဲ့ပဲ အသုံးပြုရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Gradient အရောင်ပြေးပုံကို Black နဲ့ Blue နှစ်ရောင် ထွက်လာပြီး Fingerprint ကိုလည်း ဘေးဘက်မှာပဲ ထည့်သွင်းထားပါတယ်။

နောက်ဘက်မှာ 64MP Sony IMX682 အဓိက Sensor ကို 12MP Ultrawide နဲ့ 5MP ကင်မရာနှစ်လုံးတို့က ဝန်းရံထားပါတယ်။ ဒါ့အပြင် Shutter ခလုတ်ကို တစ်ချက်နှိပ်ရုံနဲ့ ဓါတ်ပုံ ၁၀ ပုံ ရိုက်ယူပေးနိုင်တဲ့ Single Take Mode ကိုလည်း Samsung က M31s ထိ ယူဆောင်ပေးထားပါတယ်။ ဆဲလ်ဖီးကလည်း Galaxy M31 မှာလို 32MP ပါ။

M31s ရဲ့အတွင်းမှာ Exynos 9611 ချစ်ပ်ဆက် အသုံးပြုထားပြီး 6/8 GB RAM နဲ့ 128 GB Storage တို့ ပါဝင်တယ်။ 6,000 mAh ဘက္ထရီကြီးက Reverse Charging လည်း အသုံးပြုနိုင်မှာပါ။ Android 10 အခြေခံ OneUI Core 2.1 အသုံးပြုထားတဲ့ Galaxy M31s ဟာ 6/128 GB မော်ဒယ်ကို ရူပီး ၂၀,၄၉၉ (မြန်မာငွေ ၃ သိန်း ၇ သောင်း) မှ စတင်ထားပြီး 8/128 မော်ဒယ်ကို ရူပီး ၂၂,၄၉၉ (မြန်မာငွေ ၄ သိန်း) သာ သတ်မှတ်ထားတာကြောင့် အတော်လေး ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် စမတ်ဖုန်းသစ် တစ်လုံးပါပဲ။

Ref – GSMArena