အခုရက်ပိုင်းမှာ ဟော့နေတဲ့ သတင်းတွေထဲ Samsung Galaxy M51 လည်း အပါအဝင်ပါ။ ဒီစမတ်ဖုန်းကို အိန္ဒိယမှာ အရင်ဆုံး မိတ်ဆက်လာမယ်လို့ ထင်ထားကြပေမယ့် ယနေ့မှာတော့ ဥရောပစျေးကွက်၊ တိတိကျကျ ပြောရရင် Samsung ရဲ့ တရားဝင် ဂျာမန်ဝက်ဆိုက်မှာ စတင် ထွက်ပေါ်လာခဲ့ပါတယ်။

ထွက်ထားတဲ့ သတင်းတွေ အကုန်မှန်ခဲ့တာကြောင့် သူ့ရဲ့ Specs တွေက အံ့ဩစရာ မကောင်းတော့ပါဘူး။ ဒါပေမယ့် ဒီဖုန်းရဲ့ အဓိက အားသာချက်ဖြစ်တဲ့ 7,000 mAh ဘက္ထရီကြီးကတော့ ဆွဲဆောင်မှု အားကောင်းနေဆဲ ဖြစ်ပြီး 25W အားသွင်းစနစ်နဲ့ တွဲဖက်ထားပါတယ်။

စမတ်ဖုန်းရဲ့ နောက်ကွယ်က ချစ်ပ်ဆက်ကတော့ Snapdragon 730 ဖြစ်ပြီး Galaxy M51 ရဲ့ Page မှာတော့ Octa-core CPU လို့သာ ဖော်ပြထားဆဲပါ။ ဒါကို 6GB RAM / 128GB Storage တို့နဲ့ တွဲပေးထားပါတယ်။ Display က 6.7” Super AMOLED ဖြစ်ပေမယ့် Fingerprint ကို ကိုယ်ထည်ရဲ့ ဘေးဘက်မှာပဲ ထည့်သွင်းထားပါတယ်။

နောက်ဘက် Quad-camera မှာ 64MP အဓိက ကင်မရာ၊ 123 ဒီဂရီ မြင်ကွင်းနဲ့ 12MP Ultrawide Sensor ၊ 5MP Macro နဲ့ 5MP Depth Sensor တို့ ပါဝင်ပါတယ်။ ရှေ့ဘက် ဆဲလ်ဖီးကင်မရာ ကတော့ 32MP တစ်လုံးတည်းပါ။

ဂျာမန်ဝက်ဆိုက်မှာတော့ ဒီဖုန်းကို အကြိုအမှာစာ လက်ခံနေပြီဖြစ်ပြီး ယူရို ၃၆၀ (မြန်မာကျပ်ငွေ ငါးသိန်း ခုနစ်သောင်းခွဲ) သတ်မှတ်ထားပါတယ်။ စျေးကွက်ထဲကိုတော့ စက်တင်ဘာ ၁၁ ရက်နေ့မှာ စတင် တင်ပို့ဖြန့်ချိမယ်လို့ ဆိုထားပါတယ်။

Ref – GSMArena