Samsung Galaxy M51 ရဲ့ Specs နဲ့ ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးတာကို စာဖတ်သူတွေ အသိပါပဲ။ အရင်သတင်းတွေက စက်တင်ဘာလမှာ ကြေညာမယ်လို့ ဆိုထားကြပေမယ့် မရေရာ မသေချာခဲ့ပါဘူး။ အခုတော့ Amazon India က အဲဒီဖုန်းရဲ့ ဝက်ဘ်စာမျက်နှာကို လွှင့်တင်လိုက်ပြီ ဖြစ်တဲ့အတွက် စက်တင်ဘာလ ခပ်စောစောမှာ တရားဝင် မိတ်ဆက်နိုင်ပါတယ်။

Galaxy M51 ရဲ့ ဝက်ဘ်စာမျက်နှာမှာ “Meanest Monster Ever”  Tagline ကို သုံးထားပြီး Infinity-O Punch Hole ကင်မရာ ပါတဲ့ ဖုန်း အရှေ့ဘက်ကို ပြသထားပါတယ်။ ကြေညာမယ့် နေ့အတိအကျကို မပြောထားပေမယ့် မကြာခင် လာမယ်လို့ အသိပေးထားပါတယ်။

Galaxy M51 မှာ ၆.၆၇ လက်မ S-AMOLED FullHD+ မျက်နှာပြင်၊ 60Hz Refresh Rate နဲ့ 386ppi တွေပါမယ်လို့  အရင်သတင်းတွေက ပြောထားပါတယ်။ အရှေ့ ကင်မရာက 32MP ပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်ထားမှာ ဖြစ်ပြီး 64MP Main , 12MP Ultrawide , 5MP Depth နဲ့ 5MP Macro တွေ ဖြစ်ပါတယ်။  Android 10 OS ကို တပါတည်း ထည့်ပေးထားမှာ ဖြစ်ပြီး အလန်းဆုံး အစိတ်အပိုင်းက 25W Fast Charging ထောက်ပံ့တဲ့ အရွယ်ကြီး 7,000mAh ဘက်ထရီ ဖြစ်လာမှာပါ။

Snapdragon 730G မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 128GB Storage တွေ ထည့်ထားနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာကို သုံးထားကာ အနက်နဲ့ အဖြူ ၂ ရောင် ရွေးချယ်နိုင်မှာပါ။ ရူပီး ၂၅,၀၀၀ နဲ့ ၃၀,၀၀၀ ကြားနဲ့ ရောင်းနိုင်တဲ့အတွက် ၄ သိန်းခွဲနဲ့ ၅ သိန်းခွဲကြား ရှိနိုင်ပါတယ်။

Ref : gizmochina