Samsung ရဲ့ Galaxy M51 ကို အိန္ဒိယဈေးကွက်မှာ မကြာခင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ရက်အတိအကျက တရားဝင်ထွက်ပေါ်မလာသေးပေမယ့် Amazon India မှာ အရောင်းစာရင်းထဲထည့်သွင်းထားတဲ့အတွက် လာမယ့် စက်တင်ဘာလ အစောပိုင်းမှာပဲ ရောင်းချနိုင်မယ်လို့ တွက်ဆခဲ့ကြရပါတယ်။

အံ့သြစရာကောင်းတာက ဒီဟန်းဆက်ကို ဂျာမနီမှာ Pre-order တောင် တင်လို့ရနေတာပါပဲ။ ဟုတ်ပါတယ်။ Galaxy M51 ကို ဂျာမနီရဲ့ တရားဝင် Samsung Germany ဝက်ဘ်ဆိုက်စာမျက်နှာပေါ်မှာ တွေ့မြင်နေရပါပြီ။ Pre-order ဈေးနှုန်းက €360.01 (၅ သိန်း ၇ သောင်းခွဲဝန်းကျင်) ဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကုန်ပစ္စည်းရောက်ရှိမှာလည်း ဖြစ်ပါတယ်။

Galaxy M51 ဟာ 6.7-inch Infinity-O Super AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 32MP selfie ကင်မရာနဲ့ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာလေးလုံး တပ်ဆင်ထားပြီး 64MP အဓိက ကင်မရာ၊ 12MP (ultra-wide), 5MP (micro), 5MP depth sensor တို့ ဖြစ်ကြပါတယ်။ ဘက်ထရီကတော့ 7,000mAh ပမာဏဖြစ်ပြီး 25W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါသေးတယ်။

အရောင်က အဖြူနဲ့ အနက်ပဲ တွေ့မြင်ရပါသေးတယ်။ ပုံမှန်အားဖြင့် 6GB of RAM နဲ့ 128GB storage တစ်မျိုးတည်းပဲရှိပြီး အခြားရွေးချယ်စရာ မရှိပါဘူး။ 512GB storage ဖြစ်ချင်ရင်တော့ MicroSD ရဲ့ အကူအညီကို ယူမှပဲဖြစ်ပါလိမ့်မယ်။ Processor ကတော့ Octa-core လို့သာသိရပြီး Chipset အကြောင်းကို ဖော်ပြခြင်းမရှိသေးတာလည်း တွေ့ရပါတယ်။

Ref: Gizmochina