Samaung ရဲ့ Galaxy M51 သတင်းတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက 91mobiles က ဖော်ပြခဲ့တာကိုလည်း တွေ့ရပါလိမ့်မယ်။ အဲဒီတုန်းက Samsung ဟာ Galaxy M51 ကို အိန္ဒိယရဲ့ Noida စက်ရုံမှာ စတင်ထုတ်လုပ်နေပြီလို့တောင် ရေးသားဖော်ပြခဲ့တာပါ။

Galaxy M51 ရဲ့သတင်းတွေ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး မတ်လတုန်းကတော့ M41 ဒါမှမဟုတ် M51 အမည်နဲ့ထွက်မယ်ဆိုပြီး CAD-based renders တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ Galaxy M51 ကို မော်ဒယ်နံပါတ် SM-M515F နဲ့အတူ Geekbench မှာ တွေ့မြင်ရပြီ ဖြစ်ပါတယ်။

Geekbench ဖော်ပြမှုအရ Galaxy M51 ဟာ Snapdragon 675 SoC ကို အသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ထားတာကို တွေ့မြင်ရပါတယ်။ Android 10 မောင်းနှင်ထားတဲ့ ဒီ Device ဟာ Single-Core ရမှတ် 545 မှတ်ရရှိပြီး Multi-Core ရမှတ် 1,775 မှတ် ရရှိထားတာကို တွေ့မြင်နိုင်ပါတယ်။

ကနဦးထွက်ပေါ်ထားတဲ့ Render တွေအရဆိုရင် M51 ဟာ 6.5-inch AMOLED မျက်နှာပြင်နဲ့လို့ ပြောရပါလိမ့်မယ်။ ဘယ်ဘက်ထောင့်အပေါ်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံး ပါဝင်ပါလိမ့်မယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံး နဲ့ လက်ဗွေဖတ်ဆင်ဆာ တပ်ဆင်ထားမယ်လို့ မျှော်လင့်ရပါတယ်။

Galaxy M51 ဟာ Headphone jack နဲ့ USB-C ပေါက်ပါဝင်မယ်လို့ သိရပါတယ်။ ကျန်တဲ့အချက်အလက်တွေကတော့ အခုထိသတင်းထွက်ပေါ်လာခြင်းမရှိသေးတာကြောင့် မဖော်ပြနိုင်သေးပါဘူး။

Ref: GSM Arena