Samsung ကနေ မကြာခင်မှာ Galaxy M51 နာမည်နဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ရှိနေပြီးတော့ ပြီးခဲ့တဲ့ မတ်လကတည်းက သတင်းတွေထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ အခုလည်း အဆိုပါ Galaxy M51 မှာ ပါဝင်လာမယ့် Specification တွေက ပေါက်ကြားလာခဲ့ပြန်ပါပြီ။

ဒါကတော့ Samsung ဟာ Galaxy M51 ဖုန်းအတွက် Qualcomm Snapdragon 730 Chipset ကို အသုံးပြုလာမယ့်အပြင် Battery ပိုင်းမှာလည်း 7000mAh Battery ကို ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။ ဒါက လက်ရှိတခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင် Battery ပိုင်းမှာ သိသိသာသာကို ပိုများနေတာဖြစ်ပြီး Galaxy M51 က Samsung အတွက် ပထမဆုံးသော 7000mAh Battery ပါဝင်တဲ့စမတ်ဖုန်းဖြစ်လာမှာပါ။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ 6.67″ Full HD+ Display ပါဝင်မှာဖြစ်ပြီး 64MP Primary Camera ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး 128GB Storage ကနေ စတင်လာဖွယ်ရှိနေပါတယ်။

ဒီလိုမျိုး 7000mAh Battery ပါဝင်လာမယ့်အတွက် Galaxy M51 ဖုန်းမှာ 25W Fast Charging စနစ်ကိုလည်း ထည့်သွင်းပေးလာမှာဖြစ်ပါတယ်။ အဆိုပါ Fast Charging စနစ်ဟာ လက်ရှိမှာ အမြန်ဆန်ဆုံး Fast Charging မဟုတ်ပေမယ့်လည်း Samsung Mid Range ဖုန်းအများစုမှာပါဝင်တဲ့ 15W Charging ထက်တော့ ပိုပြီးမြန်ဆန်မှာပါ။

ဘာပဲဖြစ်ဖြစ် Battery Life ကိုအကောင်းဆုံးလိုချင်တဲ့သူတွေအတွက်ကတော့ Samsung Galaxy M51 က စောင့်ကြည့်ရမယ့်ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – GSM Arena