Samsung ဟာ Galaxy M စမတ်ဖုန်းသစ်ကို လာမဲ့ စက်တင်ဘာလ ၁၉ ရက်၊ တနင်္ဂနွေနေ့မှာ ပွဲထုတ်တော့မယ်လို့ Amazon India က အတည်ပြုပေးလိုက်ပါပြီ။ ဒါ့အပြင် Page မှာ ဖော်ပြမဲ့ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

Galaxy M52 5G ဟာ ပိုပြီးကြီး၊ နှစ်ဆပိုချောမွေ့တဲ့ မျက်နှာပြင်နဲ့ဖြစ်တယ်လို့ ရည်ညွှန်းထားပါတယ်။ “2x smoother display” ဟာ 120Hz refresh rate ကို ဆိုလိုပါတယ်။ ဒါဟာ Galaxy M51 ရဲ့ 60Hz refresh rate နဲ့နှိုင်းယှဉ်ရင် နှစ်ဆတက်လာတာပါပဲ။ Flagship Snapdragon processor နဲ့အတူ ဖုန်းရဲ့ CPU စွမ်းဆောင်ရည်က 55% တိုးတက်လာတယ်လို့ဆိုထားပေမဲ့ အမျိုးအစားကိုတော့ အတိအကျမသိရသေးပါဘူး။

ပြီးခဲ့တဲ့ပေါက်ကြားမှုမှာတော့ Galaxy M52 5G မှာ Snapdragon 778G chipset သုံးထားမယ်လို့ ညွှန်ပြခဲ့ပါတယ်။ ဘက်ထရီပိုင်းကတော့ 5,000mAh ပမာဏကို ထောက်ပံ့ထားမယ်လို့သိရပါတယ်။ ဒါပေမဲ့ Galaxy M51 ရဲ့ 7,000mAh လောက်တော့ အထင်ကြီးစရာမကောင်းတာ အမှန်ပါပဲ။

ကျန်တဲ့အချက်အလက်တွေအဖြစ် Punch-hole အတွင်းမှာ 32MP Selfie ကင်မရာ၊ ကျောဘက်မှာတော့ 64MP အဓိကကင်မရာ၊ 12MP ultrawide နဲ့ 5MP depth ကင်မရာတွေဖြစ်တယ်လို့ သိရပါတယ်။ သိုလှောင်မှုပမာဏက 128GB ဖြစ်ပြီး 6/8GB of RAM နှစ်မျိုး ထွက်ရှိမယ်လို့ သိရပါတယ်။

Ref: GSM Arena