ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းလောက်မှာ သတင်းထွက်ခဲ့တာက Samsung Galaxy M62 ဟာ Storage ပမာဏများပြားတဲ့ ပထမဦးဆုံး M စီးရီးဝင် စမတ်ဖုန်း ဖြစ်လာမယ်ဆိုတာပါ။

အခုတော့ Galaxy M62 ကို မော်ဒယ်နံပါတ် SM-M62F/DS နဲ့အတူ FCC Certification ရလာတာကို တွေ့မြင်လိုက်ရပြီ ဖြစ်ပါတယ်။ Listing အရ Device ဟာ 7,000mAh ပမာဏ ဘက်ထရီတပ်ဆင်ထားမယ်ဆိုတာကိုလည်း သိခဲ့ကြရပါတယ်။ ဒါ့အပြင် 25W charger နဲ့ USB-C port, 3.5mm headphone jack တွေလည်း ထောက်ပံ့ပေးထားဦးမယ်လို့ သိရပါတယ်။

US regulator ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာတော့ မော်ဒယ်နံပါတ် SM-E625G/DS အနေနဲ့ဖော်ပြထားပြီး ဒါဟာ Galaxy F62 ဖြစ်လာမယ်လို့လည်း ကောလာဟလထွက်နေပါတယ်။ ဒါကြောင့် Samsung ဟာ ဒီ Device ကို ဈေးကွက်အမျိုးမျိုးမှာ နာမည်အမျိုးမျိုးနဲ့ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

FCC က ဒီ Device ရဲ့ အသေးစိတ်အချက်အလက်ကို မဖော်ပြထားပေမယ့် Geekbench ကတစ်ဆင့် အချက်အလက်အချို့ကိုတော့ သိခဲ့ရပြီး ဖြစ်ပါတယ်။ SM-E625F မှာ Exynos 9825 SoC နဲ့ 6GB of RAM ကိုတွဲဖက်ထားပြီး Android 11 မောင်းနှင်ထားမယ်လို့ဖော်ပြထားပါတယ်။

အနည်းငယ်ရှုပ်ထွေးနေသေးတာကတော့ Galaxy M62 ကို တက်ဘလက်လို့ ကောလာဟလသတင်းအချို့ထွက်ခဲ့ပေမယ့် FCC ရဲ့ ဆိုက်မှာတော့ မိုလ်ဘိုင်းဖုန်းအဖြစ်ပဲ ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Galaxy M62 နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ပိုပြီးသိရဖို့လိုအပ်နေသေးပါတယ်။ ဒီအချက်အလက်တွေကို မကြာခင်အချိန်အတွင်း သိလာရမယ်လို့ မျှော်လင့်ပါတယ်။

Ref: GSM Arena