[Unicode]

လတ်စ်ဗီးဂတ်စ်မှာ Consumer Electronics Show (CES) နည်းပညာပြပွဲကို လာမယ့် ၁ ပတ်မှာ ကျင်းပတော့မှာပါ။ Samsung က အဲဒီ ပွဲမှာ သတင်းတွေထွက်နေတဲ့ Galaxy S10 Lite နဲ့ Galaxy Note 10 Lite တို့ကို ပြသနိုင်ပါတယ်။ အခုတော့ TechTalk TV က Note 10 Lite ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းတွေကို မြင်ရပါတယ်။

Note 10 Lite မှာ Note 10 နဲ့ Note 10+ တွေမှာလို Infinity-O Punch-hole မျက်နှာပြင် ဒီဇိုင်း သုံးထားပါတယ်။ Note 10 Lite ရဲ့ မျက်နှာပြင်ဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Bluetooth S Pen ကိုလည်း ဓါတ်ပုံမှာ မြင်ရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို စတုရန်းပုံသဏ္ဍာန် အကွက်ထဲမှာ ထည့်ထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး ဘေးဘက်တွေက ကွေးညွှတ်ပါတယ်။ ညာဘက်မှာ ပါဝါ ၊ အသံခလုတ်တွေနဲ့ ဘယ်ဘက်မှာ SIM/ microSD Card Tray တွေ ပါပါတယ်။

မကြာခင်ကထွက်ခဲ့တဲ့ ပေါက်ကြားသတင်းအရ Galaxy Note 10 Lite မှာ ၆.၇ လက်မ Super AMOLED မျက်နှာပြင် ပါလာမှာဖြစ်ပြီး Full HD+ Resolution ဖြစ်ပါတယ်။ Punch-hole မှာ 32MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါလာပြီး 12MP Main , 12MP Telephoto နဲ့ 12MP Wide-angle တွေ ဖြစ်ပါတယ်။

အဲဒီဖုန်းရဲ့ ၁ ခုထဲသော အားနည်းချက်က Exynos 9810 ကို သုံးထားတာပါ။ အဲဒီ Chipset ကို Galaxy S9 Series နဲ့ Galaxy Note 9 တို့လို ၂၀၁၈ ထုတ် စွမ်းရည်မြင့် ဖုန်းတွေမှာ ထည့်ထားတာပါ။ 6GB RAM နဲ့ 128GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပြီး 25W Fast Charging နည်းပညာ ပါတဲ့ အရွယ်ကြီး 4,500mAh ဘက်ထရီ ထည့်ထားပါတယ်။ Aura Black, Aura Red နဲ့ Aura Glowpress အရောင်တွေ ထုတ်လုပ်ထားနိုင်ပြီး အနောက်ဥရောပမှာ ၆၀၉ ယူရိုနဲ့ ရောင်းနိုင်ပါတယ်။ မြန်မာငွေ ၁၀ သိန်းလောက်ရှိနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Samsung Galaxy Note 10 Lite ရဲ႕ ဓါတ္ပံုေတြ ထြက္ေပၚလာ

လတ္စ္ဗီးဂတ္စ္မွာ Consumer Electronics Show (CES) နည္းပညာျပပြဲကို လာမယ့္ ၁ ပတ္မွာ က်င္းပေတာ့မွာပါ။ Samsung က အဲဒီ ပြဲမွာ သတင္းေတြထြက္ေနတဲ့ Galaxy S10 Lite နဲ႔ Galaxy Note 10 Lite တို႔ကို ျပသႏုိင္ပါတယ္။ အခုေတာ့ TechTalk TV က Note 10 Lite ရဲ႕ ဓါတ္ပံုေတြကို မွ်ေ၀လိုက္ၿပီး အေရွ႕နဲ႔ အေနာက္ဘက္ ဒီဇိုင္းေတြကို ျမင္ရပါတယ္။

Note 10 Lite မွာ Note 10 နဲ႔ Note 10+ ေတြမွာလို Infinity-O Punch-hole မ်က္ႏွာျပင္ ဒီဇိုင္း သံုးထားပါတယ္။ Note 10 Lite ရဲ႕ မ်က္ႏွာျပင္ဟာ ျပားခ်ပ္တဲ့ ဒီဇိုင္း ျဖစ္ၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။ Bluetooth S Pen ကိုလည္း ဓါတ္ပံုမွာ ျမင္ရပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးနဲ႔ LED Flash ၁ လံုးကို စတုရန္းပံုသ႑ာန္ အကြက္ထဲမွာ ထည့္ထားပါတယ္။ အေနာက္ဘက္ကို ဖန္နဲ႔ ဖံုးအုပ္ထားၿပီး ေဘးဘက္ေတြက ေကြးညႊတ္ပါတယ္။ ညာဘက္မွာ ပါ၀ါ ၊ အသံခလုတ္ေတြနဲ႔ ဘယ္ဘက္မွာ SIM/ microSD Card Tray ေတြ ပါပါတယ္။

မၾကာခင္ကထြက္ခဲ့တဲ့ ေပါက္ၾကားသတင္းအရ Galaxy Note 10 Lite မွာ ၆.၇ လက္မ Super AMOLED မ်က္ႏွာျပင္ ပါလာမွာျဖစ္ၿပီး Full HD+ Resolution ျဖစ္ပါတယ္။ Punch-hole မွာ 32MP ဆဲလ္ဖီး ကင္မရာ ထည့္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးပါလာၿပီး 12MP Main , 12MP Telephoto နဲ႔ 12MP Wide-angle ေတြ ျဖစ္ပါတယ္။

အဲဒီဖုန္းရဲ႕ ၁ ခုထဲေသာ အားနည္းခ်က္က Exynos 9810 ကို သံုးထားတာပါ။ အဲဒီ Chipset ကို Galaxy S9 Series နဲ႔ Galaxy Note 9 တို႔လို ၂၀၁၈ ထုတ္ စြမ္းရည္ျမင့္ ဖုန္းေတြမွာ ထည့္ထားတာပါ။ 6GB RAM နဲ႔ 128GB Storage ပါလာၿပီး microSD Card စိုက္ႏုိင္ပါတယ္။ Android 10 အေျချပဳ One UI 2.0 ေမာင္းႏွင္ထားၿပီး 25W Fast Charging နည္းပညာ ပါတဲ့ အရြယ္ႀကီး 4,500mAh ဘက္ထရီ ထည့္ထားပါတယ္။ Aura Black, Aura Red နဲ႔ Aura Glowpress အေရာင္ေတြ ထုတ္လုပ္ထားႏုိင္ၿပီး အေနာက္ဥေရာပမွာ ၆၀၉ ယူရိုနဲ႔ ေရာင္းႏိုင္ပါတယ္။ ျမန္မာေငြ ၁၀ သိန္းေလာက္ရွိႏုိင္ပါတယ္။

Ref : gizmochina