Galaxy Note 20 Ultra 5G စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ Samsung ကနေ ထုတ်လုပ်ထားတဲ့ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း US မှာ ဒေါ်လာ ၁,၂၉၉ ကနေ စတင်တဲ့အတွက် စျေးအကြီးဆုံး Flagship ဖုန်းတစ်လုံးဆိုရင်လည်းမမှားပါဘူး။

အခုလည်း Counterpoint Research ကနေ Galaxy Note 20 Ultra 5G ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ဖော်ပြလိုက်ပြီဖြစ်ပြီး ဒေါ်လာ ၅၄၉ (မြန်မာငွေ ၇ သိန်း ၃ သောင်းဝန်းကျင်) ပဲကျသင့်တာဖြစ်ပါတယ်။ အဆိုပါစျေးနှုန်းဟာတ Samsung Exynos နဲ့ Qualcomm Snapdragon Version ၂ မျိုးလုံးရဲ့ 5G Version အတွက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ Flagship ဖုန်းတစ်လုံးအနေနဲ့ ပုံမှန်စျေးနှုန်းဖြစ်ပြီးတော့ Samsung အနေနဲ့ Galaxy Note 20 Ultra 5G အတွက် အရည်အသွေးကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုထားခဲ့တယ်လို့ သိရပါတယ်။ မနှစ်တုန်းက Flagship Model တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ကုန်ပစ္စည်းတစ်ခုစီရဲ့ နည်းပညာတွေက သိသိသာသာကို တိုးတက်လာခဲ့တယ်လို့ Senior Analyst တစ်ဦးဖြစ်တဲ့ Ethan Qi ကနေ ပြောကြားခဲ့ပါတယ်။

Samsung ဟာ Galaxy Note 20 Ultra 5G ဖုန်းကို US ၊ China ၊ South Korea နဲ့ နိုင်ငံတချို့မှာ Qualcomm Snapdragon 865+ Chipset ကို အသုံးပြုထားခဲ့တာဖြစ်ပြီး mmWave 5G Modem ကိုလည်း Qualcomm ရဲ့ Reference Design ကို အခြေခံထားတာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့နိုင်ငံတွေမှာတော့ Exynos 990 Chipset ကိုပဲ အသုံးပြုထားပြီး 4G LTE Version ကိုလည်း ရောင်းချနေတာဖြစ်ပါတယ်။

Ref – Gizmo China