Samsung Galaxy Note20 Series တွေရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုလည်း Samsung Galaxy Note20 Ultra 5G ရဲ့ Flip Cover သတင်းထွက်လာပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် ဗိုင်းရက်စ်နဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သတ်ပေးနိုင်တဲ့ နည်းပညာမြင့် ကုန်ပစ္စည်းတွေကို ဖန်တီး ရောင်းချနေကြပါတယ်။ Samsung ကလည်း အဲဒါကို အခွင့်ကောင်းယူပြီး Galaxy Note20 Ultra 5G အတွက်  ဘက်တီးရီးယား သတ်ပေးနိုင်တဲ့ Coating ပါတဲ့ Flip Cover ၁ ခုကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံမှာ Samsung Galaxy Note20 Ultra 5G ရဲ့  အရောင် မတူညီတဲ့ Case ၃ ခု ကို မြင်ရပါတယ်။ Case တွေကို ဘူးထဲမှာ ထည့်သွင်းထားတဲ့အတွက် ဘာနဲ့ ပြုလုပ်ထားသလဲဆိုတာ သေချာလေ့လာလို့ မရပါဘူး။ ဘက်တီးရီးယား သတ်ပေးတဲ့ Coating ပါတဲ့ ချည်သား သို့မဟုတ် သားရေ တစ်မျိုးမျိုးကို အသုံးပြုထားမယ်လို့ ထင်ပါတယ်။

Case ရဲ့ အထက်ပိုင်းမှာ ဖောက်ထွင်းမြင်ရတဲ့ မျဉ်းကြောင်း ၁ ခု ပါလာတဲ့အတွက် အချိန်နဲ့ Notification တွေကို လွယ်လွယ်ကူကူ ကြည့်ရှုနိုင်ပါတယ်။ ဓါတ်ပုံမှာ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။ မကြာခင်မှာ အဲဒီ ဘက်တီးရီးယား သတ်ပေးတဲ့ Samsung Galaxy Note20 Ultra 5G ရဲ့ Case အကြောင်းကို ပိုမို သိလာရတော့မှာပါ။

Ref : gsmarena