Samsung Galaxy S10, S10+, S10e နဲ့ S10 5G တို့မှာ Android 12 အခြေပြု One UI 4.1 ရပြီ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းတွေကို ၂၀၁၉ ခုနှစ် အစောပိုင်းမှာ စတင် ရောင်းချခဲ့တာ ဖြစ်ပြီး Android 9 နဲ့ မူလ One UI ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေအပြင် Samsung ရဲ့ ၂၀၁၉ ခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် တခြား စမတ်ဖုန်းတွေမှာလည်း One UI 4.1 Update ကို ရနေပြီ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်လယ်က ထွက်ရှိခဲ့တဲ့ Samsung Galaxy Note10 နဲ့ Note10+ မှာ Android 9 နဲ့ One UI 1.5 ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ S10 Series နဲ့ Note10 Series တို့ဟာ Android 12 အခြေပြု One UI 4.0 ရခဲ့ကြပါတယ်။

အခုတော့ Note10 Series တွေအတွက် One UI 4.1 ရပြီ ဖြစ်ပြီး ဖိုင်အရွယ်အစားဟာ 1,049MB ရှိပါတယ်။ Update မှာ Samsung Apps များစွာအတွက် ပြောင်းလဲမှုတွေ ပါလာပြီး Firmware Version က N976BXXU7HVC6 ဖြစ်ကာ မတ်လ ၁ ရက်နေ့အတွက် Security Patch ပါလာပါတယ်။ S10 Update မှာလည်း မတ်လ Patch ထည့်သွင်းပေးထားပါတယ်။

Samsung Galaxy S10 Lite နဲ့ Galaxy Note10 Lite အတွက် One UI 4.1 Update ရပြီလားဆိုတာကို Samsung က မပြောသေးပါဘူး။ Galaxy Note20 မော်ဒယ်တွေမှာလည်း One UI 4.1 Update ကို ပြီးခဲ့တဲ့ တစ်ပတ်က ရကြပြီ ဖြစ်ပါတယ်။

Ref : gsmarena