Samsung Galaxy S10 Lite တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကြေညာခဲ့တာပါ။ အိန္ဒိယဈေးကွက်ကိုတော့ ဇန်နဝါရီလကုန်ပိုင်းလောက်မှ ရောက်တာပါ။ Galaxy S10 Lite တွေဟာ မူလတုန်းက 6GB/128GB နဲ့ 8GB/128GB ဆိုပြီး နှစ်မျိုးပဲ ထွက်ထားတာဖြစ်ပါတယ်။ အခုတော့ သိုလှောင်မှုပမာဏအတွက် ရွေးချယ်စရာနောက်တစ်မျိုး တိုးလာခဲ့ပါပြီ။

တတိယမြောက် အမျိုးအစားကတော့ 8GB of RAM နဲ့ 512GB သိုလှောင်မှုပမာဏပဲ ဖြစ်ပါတယ်။ ဒီမော်ဒယ်သစ်ကို အိန္ဒိယရူပီး ၄၄၉၉၉ နဲ့ရောင်းချမယ်လို့ ကြေညာခဲ့တာကြောင့် $625 ဝန်းကျင် (မြန်မာငွေ ၈ သိန်း ၉သောင်းခွဲဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ မတ်လ ၁ ရက်နေ့ကစပြီး အိန္ဒိယရဲ့ တရားဝင်ဆိုက်ဖြစ်တဲ့ Opera House နဲ့ လက်လီဆိုင်တွေမှာ ရောင်းချမှာ ဖြစ်ပါတယ်။

8GB of RAM နဲ့ 128GB အမျိုးအစားကို အိန္ဒိယရူပီး ၃၉၉၉၉ နဲ့ရောင်းချတာကြောင့် $555 ဝန်းကျင် (မြန်မာငွေ ၇ သိန်း ၉သောင်းခွဲဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ တော့ 6GB of RAM မော်ဒယ်ကို ရောင်းချခြင်း မပြုတာ တွေ့ရပါတယ်။ ဒါကြောင့် 8GB/128GB နဲ့ 8GB/512GB ဟာ မြန်မာငွေ တစ်သိန်းနီးပါး ကွာခြားနေတာကို တွေ့ရပါတယ်။

Samsung Galaxy S10 Lite ဟာ Sanpdragon 855 SoC နဲ့ဖြစ်ပြီး 4,500mAh ဘက်ထရီ၊ 45W အမြန်အားသွင်းစနစ်တို့ ပါဝင်ပါတယ်။ 6.7-inch FHD+ Infinity-O Super AMOLED Plus မျက်နှာပြင်အမျိုးအစားဖြစ်ပြီး 32MP Selfie ကင်မရာနဲ့ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာ၊ 12MP Ultra နဲ့ 5MP macro ဆိုပြီး ကင်မရာသုံးလုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Ref: GSM Arena