[Unicode]

Samsung Galaxy S10 Lite ကို ဒီလ အစောပိုင်းက ကမ္ဘာအဝန်းမှာ မိတ်ဆက်ခဲ့ပြီး အခုတော့ အိန္ဒိယမှာ ကြေညာလိုက်ပါပြီ။ ဈေးအရမ်း မကြီးဘဲ စွမ်းရည်မြင့် ကင်မရာတွေနဲ့ အရွယ်ကြီး ဘက်ထရီကို လိုချင်တဲ့ လူငယ်တွေအတွက် ဖန်တီးထားတာလို့ Samsung က ပြောပါတယ်။

အဲဒီဖုန်းမှာ ၆.၇ လက်မ FullHD+ Infinity-O Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 20:9 ဖြစ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Octa-core CPU ပါတဲ့ 7nm Snapdragon 855 Chipset သုံးထားပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။  25W Fast Charging ပါတဲ့ 4500mAh ဘက်ထရီ ထည့်ထားပါတယ်။

Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပြီး Bixby , Samsung Pay နဲ့ AR တွေ ကြိုတင်ထည့်သွင်းထားပါတယ်။ စွမ်းရည်မြင့်မားတဲ့အတွက် Multitasking လုပ်ရတာ အရမ်းမိုက်ပါတယ်။ အဆင့်မြင့် Game Booster က ဂိမ်းကစားရင် အရမ်း ချောမွတ်စေပြီး Gaming Mode က မတော်တဆ ထိမိတာ၊ Quick Screenshot တွေကို ပိတ်တာနဲ့ Navigation Bar ကို ဖျောက်ပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

Punch Hole မှာ 32MP ကင်မရာ  တပ်ဆင်ထားပြီး Super Steady Optical Image Stabilization (OIS) ပါတဲ့အတွက် တုန်ခါမှု မရှိတဲ့ UHD ဗီဒီယိုတွေကို ဖန်တီးပေးပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးထည့်သွင်းထားပြီး 48MP Main , 12MP Ultra-wide နဲ့ 5MP Macro တွေ ဖြစ်ပါတယ်။ 48MP ကင်မရာမှာ OIS ပါပြီး အရမ်းကို တည်ငြိမ်ချောမွတ်တဲ့ ရုပ်ပုံတွေကို ဖမ်းယူပေးပါတယ်။

အိန္ဒိယမှာ 8/128GB မော်ဒယ် ၁ လုံးပဲ ရောင်းပေးထားပြီး ၃၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈ သိန်းလောက်ကျသင့်မှာပါ။ Flipkart နဲ့ Samsung India Website ကနေ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး နောက်လ ၄ ရက်နေ့မှာ ရောင်းမှာပါ။ Prism Blue, Prism Black နဲ့  Prism White တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina

[Zawgyi]

Samsung Galaxy S10 Lite ကို အိႏၵိယမွာ မိတ္ဆက္

Samsung Galaxy S10 Lite ကို ဒီလ အေစာပိုင္းက ကမာၻအဝန္းမွာ မိတ္ဆက္ခဲ့ၿပီး အခုေတာ့ အိႏၵိယမွာ ေၾကညာလိုက္ပါၿပီ။ ေဈးအရမ္း မႀကီးဘဲ စြမ္းရည္ျမင့္ ကင္မရာေတြနဲ႔ အ႐ြယ္ႀကီး ဘက္ထရီကို လိုခ်င္တဲ့ လူငယ္ေတြအတြက္ ဖန္တီးထားတာလို႔ Samsung က ေျပာပါတယ္။

အဲဒီဖုန္းမွာ ၆.၇ လက္မ FullHD+ Infinity-O Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 20:9 ျဖစ္ပါတယ္။ Display ေအာက္မွာ လက္ေဗြရာ အာ႐ုံခံ ကိရိယာ ျမႇပ္ႏွံထားပါတယ္။ Octa-core CPU ပါတဲ့ 7nm Snapdragon 855 Chipset သုံးထားၿပီး 8GB RAM နဲ႔ 128GB Storage ထည့္သြင္းထားပါတယ္။ 25W Fast Charging ပါတဲ့ 4500mAh ဘက္ထရီ ထည့္ထားပါတယ္။

Android 10 အေျချပဳ One UI 2.0 ေမာင္းႏွင္ထားၿပီး Bixby , Samsung Pay နဲ႔ AR ေတြ ႀကိဳတင္ထည့္သြင္းထားပါတယ္။ စြမ္းရည္ျမင့္မားတဲ့အတြက္ Multitasking လုပ္ရတာ အရမ္းမိုက္ပါတယ္။ အဆင့္ျမင့္ Game Booster က ဂိမ္းကစားရင္ အရမ္း ေခ်ာမြတ္ေစၿပီး Gaming Mode က မေတာ္တဆ ထိမိတာ၊ Quick Screenshot ေတြကို ပိတ္တာနဲ႔ Navigation Bar ကို ေဖ်ာက္ေပးတာေတြ ျပဳလုပ္ေပးႏိုင္ပါတယ္။

Punch Hole မွာ 32MP ကင္မရာ တပ္ဆင္ထားၿပီး Super Steady Optical Image Stabilization (OIS) ပါတဲ့အတြက္ တုန္ခါမႈ မရွိတဲ့ UHD ဗီဒီယိုေတြကို ဖန္တီးေပးပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လုံးထည့္သြင္းထားၿပီး 48MP Main , 12MP Ultra-wide နဲ႔ 5MP Macro ေတြ ျဖစ္ပါတယ္။ 48MP ကင္မရာမွာ OIS ပါၿပီး အရမ္းကို တည္ၿငိမ္ေခ်ာမြတ္တဲ့ ႐ုပ္ပုံေတြကို ဖမ္းယူေပးပါတယ္။

အိႏၵိယမွာ 8/128GB ေမာ္ဒယ္ ၁ လုံးပဲ ေရာင္းေပးထားၿပီး ၃၉,၉၉၉ ႐ူပီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၈ သိန္းေလာက္က်သင့္မွာပါ။ Flipkart နဲ႔ Samsung India Website ကေန ႀကိဳတင္မွာယူႏိုင္ၿပီျဖစ္ၿပီး ေနာက္လ ၄ ရက္ေန႔မွာ ေရာင္းမွာပါ။ Prism Blue, Prism Black နဲ႔ Prism White ေတြ ထုတ္လုပ္ထားပါတယ္။

Ref : gizmochina