Google ဟာ ဒီလရဲ့အစောပိုင်းတုန်းက ပထမဆုံး Android 11 developer preview ကို တရားဝင် ထုတ်ပြခဲ့ပါတယ်။ အခုတော့ ဒီ Android ဗားရှင်းသစ်ကို စမ်းသပ်အသုံးပြုထားတဲ့ Device အဖြစ် Galaxy S10+ ကို Geekbench မှာတွေ့မြင်ရပြီ ဖြစ်ပါတယ်။

မော်ဒယ်နံပါတ် SM-G975F နဲ့ Galaxy S10+ ဟာ Geekbench ရဲ့ အချက်အလက်တွေထဲမှာ Android R မောင်းနှင်ထားကြောင်း ပြသနေပါတယ်။ Developer preview အရ Android R ဟာ Android 11 ဆိုတာ သေချာနေပါတယ်။ Geekbench ကတော့ ထုံးစံအတိုင်းပဲ အချက်အလက်တွေကို ကြီးကြီးကျယ်ကျယ်ဖော်ပြလေ့ မရှိသလို၊ Final OS version ကလည်း ဘယ်တော့ဖြစ်မလဲဆိုတာကိုလည်း ဖော်ပြမထားပါဘူး။

သေချာတာတစ်ခုကတော့ Samsung Galaxy S10+ ဟာ အခုအချိန်မှာ Android 11 နဲ့စမ်းသပ်နေတာဖြစ်ပြီး ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ Flagship Galaxy S10+ အတွက် Update ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ထုတ်ပေးနိုင်ပါတယ်။ Google အနေနဲ့ မျိုးဆက်သစ် Android Version ကို လာမယ့် သြဂုတ်လဝန်းကျင်လောက်မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

Samsung အနေနဲ့ နောက်ဆုံးထွက်မော်ဒယ်တွေဖြစ်တဲ့ Galaxy S20 series ကို နောက်ဆုံးပေါ် OS တွေ အရင်ဦးဆုံး ဖြန့်ချိဖွယ်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင်ကိုရီးယားကုမ္ပဏီကြီးဟာ သူ့ရဲ့ထုတ်ကုန်တွေအတွက် အဓိက Update နှစ်မျိုးကို ထောက်ပံ့ပေးမယ်လို့ ကတိပေးထားတာကြောင့် Android 11 ရမယ့် စာရင်းမှာ Android Pie နဲ့ထွက်လာတဲ့ Device တွေလည်း ပါဝင်လာဖွယ်ရှိပါတယ်။

Ref: Gizmochina