Unicode

Samsung ကနေ လာမယ့် ဖေဖော်ဝါရီလမှာ ဒီနှစ်အတွက် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S20 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာပါ။ တရားဝင်မိတ်ဆက်ဖို့ အချိန်လိုသေးတယ်ဆိုပေမယ့် Design ပိုင်းနဲ့ Specs တွေအကုန်လုံးနီးပါးလည်း ပေါက်ကြားနေပြီလို့ ပြောလို့ရပါတယ်။

အခုလည်း Samsung Galaxy S20 နဲ့ S20+ စမတ်ဖုန်းတွေမှာပါဝင်လာမယ့် 64MP Telephoto Camera နဲ့ ပတ်သတ်တဲ့ သတင်းတစ်ခုက ထပ်မံပေါက်ကြားခဲ့ပါတယ်။ ဒါကတော့ အဆိုပါ 64MP Telephoto Camera ဟာ လက်ရှိတခြားသော 64MP Camera တွေလိုမျိုး 4-in-1 Pixel Binning ကို အသုံးပြုပြီး ပို Sharp ဖြစ်တဲ့ 16MP ဓါတ်ပုံတွေကို ထုတ်ပေးမှာမဟုတ်ပါဘူး။

အဲ့ဒီအစား S20 မှာပါလာမယ့် 64MP Telephoto Camera ဟာ Zoom ဓါတ်ပုံတွေကို သာမန် Cropping အနေနဲ့ပဲ ထုတ်ပေးသွားမှာဖြစ်ပြီး Optical Zoom 3x အပြင် 30x Digital Zoom အထိပဲ Support ပြုလုပ်သွားမှာပါ။ အခုလိုမျိုး 64MP Sensor ကနေ Crop ပြုလုပ်တာက 4-in-1 Pixel Binning နည်းပညာနဲ့ ယှဥ်ရင် ပိုကောင်းလာနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ထပ် ဒီလိုမျိုး Pixel Binning နည်းပညာကို အသုံးမပြုတာက 8K Video Recording အတွက်ဖြစ်ပြီးတော့ Samsung အနေနဲ့ 8K Video တွေကိုလည်း 12MP Primary Sensor အပြင် Megapixel ပိုများပြားတဲ့ 64MP Telephoto Sensor ရဲ့ အကူအညီကိုပါ ရယူသွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး S20 နဲ့ S20+ ဖုန်းတွေကတော့ 64MP Telephoto Sensor ပါဝင်ပေမယ့် Galaxy S20 Ultra ဖုန်းမှာကတော့ 108MP S5KHM1 Primary Sensor နဲ့ 48MP Sony IMX586 Telephoto Sensor ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Galaxy S20 Ultra ဟာ Default အနေနဲ့ 108MP Primary Sensor ကို 9-in-1 Pixel Binning နည်းပညာနဲ့ 12MP ဓါတ်ပုံတွေထုတ်ပေးသွားမှာဖြစ်ပြီး 48MP Telephoto Sensor ကလည်း 10x Optical Zoom နဲ့ 100x Digital Space Zoom ပါဝင်လာမယ်ဆိုတော့ S20 ၊ S20+ နဲ့ S20 Ultra ဖုန်းတွေမှာ Camera ပိုင်းဘယ်လောက်ထိ ကွာခြားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena

Zawgyi

Samsung ကေန လာမယ့္ ေဖေဖာ္ဝါရီလမွာ ဒီႏွစ္အတြက္ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S20 Series စမတ္ဖုန္းေတြကို မိတ္ဆက္သြားေတာ့မွာပါ။ တရားဝင္မိတ္ဆက္ဖို႔ အခ်ိန္လိုေသးတယ္ဆိုေပမယ့္ Design ပိုင္းနဲ႔ Specs ေတြအကုန္လုံးနီးပါးလည္း ေပါက္ၾကားေနၿပီလို႔ ေျပာလို႔ရပါတယ္။

အခုလည္း Samsung Galaxy S20 နဲ႔ S20+ စမတ္ဖုန္းေတြမွာပါဝင္လာမယ့္ 64MP Telephoto Camera နဲ႔ ပတ္သတ္တဲ့ သတင္းတစ္ခုက ထပ္မံေပါက္ၾကားခဲ့ပါတယ္။ ဒါကေတာ့ အဆိုပါ 64MP Telephoto Camera ဟာ လက္ရွိတျခားေသာ 64MP Camera ေတြလိုမ်ိဳး 4-in-1 Pixel Binning ကို အသုံးျပဳၿပီး ပို Sharp ျဖစ္တဲ့ 16MP ဓါတ္ပုံေတြကို ထုတ္ေပးမွာမဟုတ္ပါဘူး။

အဲ့ဒီအစား S20 မွာပါလာမယ့္ 64MP Telephoto Camera ဟာ Zoom ဓါတ္ပုံေတြကို သာမန္ Cropping အေနနဲ႔ပဲ ထုတ္ေပးသြားမွာျဖစ္ၿပီး Optical Zoom 3x အျပင္ 30x Digital Zoom အထိပဲ Support ျပဳလုပ္သြားမွာပါ။ အခုလိုမ်ိဳး 64MP Sensor ကေန Crop ျပဳလုပ္တာက 4-in-1 Pixel Binning နည္းပညာနဲ႔ ယွဥ္ရင္ ပိုေကာင္းလာႏိုင္ပါ့မလားဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ေနာက္ထပ္ ဒီလိုမ်ိဳး Pixel Binning နည္းပညာကို အသုံးမျပဳတာက 8K Video Recording အတြက္ျဖစ္ၿပီးေတာ့ Samsung အေနနဲ႔ 8K Video ေတြကိုလည္း 12MP Primary Sensor အျပင္ Megapixel ပိုမ်ားျပားတဲ့ 64MP Telephoto Sensor ရဲ႕ အကူအညီကိုပါ ရယူသြားမွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး S20 နဲ႔ S20+ ဖုန္းေတြကေတာ့ 64MP Telephoto Sensor ပါဝင္ေပမယ့္ Galaxy S20 Ultra ဖုန္းမွာကေတာ့ 108MP S5KHM1 Primary Sensor နဲ႔ 48MP Sony IMX586 Telephoto Sensor ကို အသုံးျပဳလာမွာျဖစ္ပါတယ္။ Galaxy S20 Ultra ဟာ Default အေနနဲ႔ 108MP Primary Sensor ကို 9-in-1 Pixel Binning နည္းပညာနဲ႔ 12MP ဓါတ္ပုံေတြထုတ္ေပးသြားမွာျဖစ္ၿပီး 48MP Telephoto Sensor ကလည္း 10x Optical Zoom နဲ႔ 100x Digital Space Zoom ပါဝင္လာမယ္ဆိုေတာ့ S20 ၊ S20+ နဲ႔ S20 Ultra ဖုန္းေတြမွာ Camera ပိုင္းဘယ္ေလာက္ထိ ကြာျခားမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

Ref – GSM Arena