Samsung က Galaxy S20 , S20+ နဲ့ S20 Ultra တို့ကို ကြေညာလိုက်ပါတယ်။ အားလုံးထဲမှာ S20 က အရွယ် အသေးဆုံး ဖြစ်ပြီး ၆.၂ လက်မ 1440p+ Dynamic AMOLED Display တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate ထောက်ပံ့တဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက မြန်ပါတယ်။ S10 မျိုးဆက်က 10MP ဆဲလ်ဖီး ကင်မရာကိုပဲ သုံးထားတာက သိပ်မတိုးတက်လာပေမယ့် Punch Hole က ပိုသေးသွားတဲ့အတွက် ပိုလှလာပါတယ်။

အနောက်ဘက်မှာ 12MP ပင်မ၊ 8K ဗီဒီယို ရိုက်နိုင်တဲ့ 64MP Telephoto နဲ့ 12MP Ultrawide ကင်မရာတွေ ပါလာပေမယ့် 20+ မှာလို DepthVision Sensor မပါလာပါဘူး။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပြီး 25W Wired Charging ပါတဲ့ 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။ Wireless Charging နဲ့ တခြား ကိရိယာတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ Wireless PowerShare တွေ ပါပါတယ်။

IP68 စံနှုန်းရှိပြီး ရေစိုခံနိုင်သလို ဖုန်မဝင်အောင် ကာကွယ်ပေးပါတယ်။ နိုင်ငံအပေါ်မူတည်ပြီး Snapdragon 865 or Exynos 990 မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB or 12GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ Storage က 128GB ၁ မျိုးပဲရှိပေမယ့် microSD Card စိုက်နိုင်ပါတယ်။ Cosmic Cray , Cloud Blue နဲ့ Cloud Pink အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 4G, 8/128GB ကို ၉၀၀ ယူရိုနဲ့ 5G ကို ၁,၀၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၁၄ သိန်းနဲ့ ၁၅ သိန်း ၈ သောင်းလောက်ကျသင့်မှာပါ။ S20 မှာ sub-6GHz 5G ကိုပဲ ထောက်ပံ့ထားပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၁၃ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena