Samsung ကနေ လက်ရှိ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S20 Series ဖုန်းတွေရဲ့ Camera Feature အသစ်တွေကို Galaxy S10 နဲ့ Note 10 ဖုန်းတွေအတွက် ရရှိအောင် Software Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Software Update ဟာ OneUI 2.0 ကနေ OneUI 2.1 ကို ပြောင်းလဲသွားမယ့်အပြင် Android Security Patch Level ကိုလည်း April, 2020 အထိ Update ရရှိလာမှာဖြစ်ပါတယ်။ OneUI 2.1 ဖြစ်သွားတဲ့အတွက် Quick Share ၊ Music Share လို Feature တွေနဲ့ Gallery App မှာ Clean View နဲ့ Quick Crop ဆိုပြီး Feature အသစ် ၂ မျိုးပါဝင်လာဦးမှာပါ။

Galaxy S20 ဖုန်းတွေရဲ့ Camera Feature တွေအနေနဲ့ကတော့ Single Take ၊ Night Hyperlapse ၊ Custom Filter ၊ AR Emoji နဲ့ Pro Video လိုမျိုး Feature တွေကိုရရှိလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Front-facing Selfie Camera နဲ့လည်း 4K 60fps Video တွေကို ရိုက်ကူးနိုင်ပြီဖြစ်ပါတယ်။

အခု Software Update ကို Germany နဲ့ Switzerland မှာ ရရှိနေပြီဖြစ်ပြီး ကျန်တဲ့ Region တွေအနေနဲ့ မကြာခင်မှာရရှိလာမယ်လို့ သိရပါတယ်။ ဒီ Software Update Galaxy S10 Series နဲ့ Note 10 Series ဖုန်းတွေအတွက်ဖြစ်ပေမယ့် Note 10 Lite နဲ့ S10 Lite ဖုန်းတွေကတော့ အခုပြောသွားတဲ့ Feature အကုန်လုံးရရှိမှာမဟုတ်ပါဘူး။

Ref – GSM Arena