Samsung Galaxy S20 Fan Edition မှာ Snapdragon 865 SoC ပါမယ်လို့ ထင်ခဲ့ကြပေမယ့် အခုတော့ Geekbench က  မော်ဒယ်နံပါတ် SM-G780F မှာ Exynos 990 Chipset ပါမယ်လို့ စာရင်းတင်ထားပါတယ်။ Benchmark Database အရ Samsung Galaxy S20 Fan Edition မှာ 8GB RAM ပါမယ်လို့ ဖော်ပြထားပါတယ်။ အရင်ကလည်း မော်ဒယ်နံပါတ် SM-G781B ကို Geekbench မှာ တွေ့ခဲ့ရပြီး Snapdragon 865 SoC နဲ့ 6GB RAM ပါမယ်လို့ သိရပါတယ်။

Samsung က Galaxy S20 Fan Edition အကြောင်းကို ဘာမှ မပြောသေးပေမယ့် ဒီနှစ် နောက်ဆုံး ၃ လမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ မကြာခင်က ထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံ ၁ ပုံအရ အဲဒီဖုန်းမှာ Infinity-O မျက်နှာပြင်၊ FullHD+ Resolution နဲ့ 120Hz Refresh Rate ပါမယ်လို့ သိခဲ့ရပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၅ နဲ့ ၆.၇ လက်မအကြားမှာ ရှိနိုင်ပါတယ်။

Samsung Galaxy S20 Fan Edition ရဲ့ အနောက်ဘက် ဒီဇိုင်းကို မသိရသေးပေမယ့် 12MP Main , 12MP Ultrawide နဲ့ 8MP Telephoto ကင်မရာ ၃ လုံးပါလာမယ်လို့ သတင်းထွက်နေပါတယ်။ 3x Optical Zoom ထောက်ပံ့ထားမှာ ဖြစ်ပြီး 4,500mAh ဘက်ထရီ၊ IP68 စံနှုန်း ပါလာမှာပါ။ 4G နဲ့ 5G Version ၂ ခု ထုတ်လုပ်ထားမှာပါ။

Ref : gsmarena