Samsung Galaxy S20 Fan Edition (S20 FE) ရဲ့ ပုံရိပ်တစ်ခုဟာ ဒီလအစောပိုင်းတုန်းက ပေါက်ကြားသတင်းတစ်ခုအနေနဲ့ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒီတုန်းကတည်းက Galaxy S20 Fan Edition ရဲ့ မျက်နှာပြင်ဟာ Flat-screen ပဲဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

သြဂုတ်လရဲ့ ဒုတိယလဝက်ကို ရောက်လာချိန်မှာတော့ @OnLeaks နဲ့ Pribecaca တို့ဟာ Galaxy S20 Fan Edition ရဲ့ CAD-based renders တွေကို မျှဝေခဲ့ကြပါတယ်။ ဒီ Render တွေအရ Galaxy S20 Fan Edition ဟာ Flat-screen ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သလို ပိုပြီးတော့ အသေးစိတ်ကျနဲ့ ပုံစံကိုလည်း မြင်တွေ့နိုင်ခဲ့ကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက Galaxy S20 Fan Edition ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 6.4-inch နဲ့ 6.5-inch ကြားမှာ ရှိနေနိုင်တာပါ။ ဒီအရွယ်အစားဟာ Galaxy S20 ရဲ့ 6.2-inch နဲ့ S20+ ရဲ့ 6.7-inch ကြားထဲမှာ ရှိနေတဲ့ အရွယ်အစား ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ Punch-hole ထဲမှာ ရှိနေတာကို မြင်ရမှာပါ။

ပတ်လည် Bezel တွေကြောင့် Fan Edition ရဲ့ အရွယ်အစားဟာ S20+ ရဲ့ အရွယ်အစားအတိုင်း 161 x 73 x 8mm ရှိတာလည်း ဖြစ်ပါတယ်။ ဘက်ထရီပမာဏကလည်း Plus မော်ဒယ်နဲ့အတူတူ 4,500mAh ဖြစ်ပါတယ်။ ဟန်းဆက်ရဲ့ ဘောင်တွေကတော့ သတ္တုတွေဖြစ်ပြီး ကျောဘက်ကိုယ်ထည်ကတော့ ပလတ်စတစ်ပဲဖြစ်ပါတယ်။

Snapdragon 865 သုံးထားမယ်လို့ ကောလာဟလထွက်ခဲ့ပေမယ့် Geekbench မှာတော့ Exynos 990 chipset ကိုပဲ တွေ့ရပါတယ်။ Ice Universe ရဲ့အဆိုအရ Galaxy S20 Fan Edition မှာ S20 သုံးမျိုးလို 120Hz မျက်နှာပြင် IP68 ရေစိုခံစနစ်တွေ ပါဝင်မယ်လို့ သိရပါတယ်။

ကင်မရာပိုင်းမှာတော့ 12MP အဓိကကင်မရာနဲ့ Ultra-wide ကင်မရာတွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် 8MP 3X telephoto ကင်မရာတော့ ဖြစ်သွားမယ်လို့ ကောလာဟလထွက်ထားပါတယ်။ ကိုရီးယားကနေ ထွက်ပေါ်လာတဲ့သတင်းအရတော့ Galaxy S20 Fan Edition ရဲ့ ဈေးနှုန်းဟာ $760 (၁၀ သိန်း ၃ သောင်းခွဲဝန်းကျင်) လို့ သိရပါတယ်။

Ref: GSM Arena