Samsung Galaxy S20 FE (aka S20 Fan Edition) ရဲ့ သတင်းတွေ ထွက်နေတာ တော်တော်ကြာနေပြီ ဖြစ်ပြီး အဲဒီစမတ်ဖုန်းရဲ့ Specs တော်တော်များများကိုလည်း သိခဲ့ရပြီးပါပြီ။ မသိသေးတာက ကြေညာမယ့် အချိန် ဖြစ်ပါတယ်။

ထွက်နေတဲ့ သတင်းတွေအရ Galaxy S20 FE ကို အောက်တိုဘာလမှာ ကြေညာမယ်လို့ သိရပါတယ်။ အဲဒီ စမတ်ဖုန်းကို အာဏာပိုင် အဖွဲ့အစည်းတွေမှာ မှတ်ပုံတင်ထားပြီးပါပြီ။ အခုနောက်ဆုံး မှတ်ပုံတင်လိုက်တာက ထိုင်းရဲ့ NBTC ဖြစ်ပြီး ကြေညာဖို့ နီးသထက်နီးလာပါပြီ။

Samsung က Galaxy S20 FE အကြောင်း အခုထက်ထိ ဘာမှကို မပြောသေးပါဘူး။ အရင်ပေါက်ကြားသတင်းတွေအရ ၆.၅ လက်မ FullHD+ 120Hz Super AMOLED မျက်နှာပြင်၊ 6GB/8GB RAM , 128GB Storage , 4,500mAh ဘက်ထရီ , မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ IP68 စံနှုန်းတွေ ပါလာမယ်လို့ သိရပါတယ်။

4G နဲ့ 5G Version ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Exynos 990 SoC နဲ့ Snapdragon 865 SoC တွေ အသီးသီး ပါလာနိုင်ပါတယ်။ ကင်မရာတွေ အကြောင်းပြောရမယ်ဆိုရင် အရှေ့ဘက်မှာ 32MP နဲ့ အနောက်ဘက်မှာ 12MP Main (OIS) , 12MP Ultrawide နဲ့ 8MP Telephoto (OIS, 3x Optical Zoom) တွေ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena