Samsung ရဲ့ Galaxy S20 သုံးမျိုးစလုံးဟာ 120Hz refresh rate ကို ထောက်ပံ့ပေးထားကြပါတယ်။ ကုမ္ပဏီရဲ့ အရင်ဖုန်းတွေတုန်းက 60Hz ဖြစ်ခဲ့တာပါ။ ဒါပေမယ့် တခြားဖုန်းတွေနဲ့မတူတာက အလယ်အလတ် Refresh rate မရှိဘဲ 120Hz ဒါမှမဟုတ် 60Hz ပဲ ရှိခဲ့ပါတယ်။

အထက်မှာပြောသွားတဲ့ Refresh rate တွေက တရားဝင်ဖော်ပြထားတဲ့ နှုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S20 မှာ 96Hz Refresh rate ကို ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။ ဒီလိုရွေးချယ်ဖို့ ကုမ္ပဏီကတရားဝင် ဖော်ပြပေးထားတာတော့ မဟုတ်ပါဘူး။ App တစ်ခုကို သုံးပြီးမှ ရွေးချယ်သတ်မှတ်လို့ ရတာပါ။

96Hz Refresh rate ကို ADB နဲ့ ဖွင့်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် XDA forums အဖွဲ့ဝင် StaySatsZB ကတော့ ပိုပြီးအဆင်ပြေမယ့် ဖြေရှင်းမှုတစ်ခုကို ဖန်တီးပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ Status bar ထဲမှာ 96Hz နဲ့ 120Hz ကြား ပြောင်းလဲနိုင်ဖို့ Toggles နှစ်ခု ထည့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ (ဒီမှာနှိပ်ပြီး Download ဆွဲနိုင်ပါတယ်)

သတိပြုရမှာကတော့ 120Hz mode လိုပါပဲ၊ 96Hz မှာ 1080p+ resolution ပဲထောက်ပံ့တာ ဖြစ်ပါတယ်။ Refresh rate ပြောင်းလဲသွားတာသိဖို့ TestUFO သုံးပြီး စစ်ဆေးနိုင်ပါတယ်။ 96Hz mode ဟာ 120Hz mode ထက် ပါဝါစားသုံးမှုလျော့နည်းတယ်လို့ ယူဆရပေမယ့် အခုထိတော့ စမ်းသပ်မှုတွေ မပြုလုပ်ရသေးပါဘူး။ ထပ်ပြီးသတိပြုရမှာကတော့ 96Hz mode ဟာ တရားဝင်အသုံးပြုရတာမဟုတ်တဲ့အတွက် လုံခြုံစိတ်ချရမယ်လို့တော့ အာမခံချက်မရှိတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena