အရင်က ထွက်ခဲ့တဲ့ သတင်းတွေမှာ Samsung ဟာ Galaxy S10 Lite ရဲ့ မျိုးဆက်သစ်ကိုလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး အခုနှစ်အောက်တိုဘာလလောက်မှာ တွေ့ရနိုင်တယ်လို့ ယူဆထားကြပါတယ်။

ယနေ့မှာတော့ Geekbench ကြောင့် Samsung Galaxy S20 Lite ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုနိုင်ခဲ့ပေမယ့် စောစောစီးစီး ထွက်ပေါ်လာတဲ့အဖြစ်က ဒီဖုန်းကို မြင်ရဖို့ သိပ်မကြာတော့ဘူးလို့ ဖော်ပြနေသလိုပါပဲ။

ရှေ့ကထွက်ပေါ်ထားတဲ့ Leak တွေထဲမှာ Galaxy S20 Lite ဟာ Qualcomm Snapdragon 865 Flagship ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး Samsung ရဲ့ One UI 2.5 နဲ့အသုံးပြုရမယ်လို့ ဆိုထားပါတယ်။ Geekbench ကတော့ Snapdragon 865 ပါဝင်ကို အတည်ပြုပေးခဲ့ပြီး 6GB RAM နဲ့တွဲဖက်ထားတာပါ။

Samsung Galaxy S20 Lite ဖုန်းရဲ့ မော်ဒယ်နံပါတ်က SM-G781B ဖြစ်ပြီး SamMobile ရဲ့ ဖော်ပြချက်ထဲမှာ နောက်ဆုံးက “B” စာလုံးဟာ ကန့်သတ်စျေးကွက်အချို့အတွက် ဦးတည်ထုတ်လုပ်တဲ့ မော်ဒယ်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

Ref – GSMArena