ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ Galaxy S20 ရဲ့ Purple ကာလာဗားရှင်းကို Leak တွေကနေ မြင်တွေ့ခဲ့ရပြီး ယနေ့မှာတော့ Galaxy S20+ 5G BTS Edition ကိုသာ တရားဝင်ကြေညာလာခဲ့ပါတယ်။ BTS ပရိသတ်တွေအတွက် အရောင်တူ Theme နဲ့ Galaxy Buds+ BTS Edition ကိုလည်း တစ်ပါတည်း ထည့်သွင်းထားပါတယ်။

ကြိုတင်မှာယူလိုသူတွေဟာ ဇွန်လ ၁၉ ရက်နေ့မှာ Pre-order စတင်မှာဖြစ်ပြီး ဒီဖုန်းရဲ့ အချက်အလက်တွေက မူလ Galaxy S20+ နဲ့မကွာခြားပေမယ့် Retail Box ထဲမှာပါဝင်တဲ့ Extra လေးတွေက Special Edition အဖြစ် အသက်ဝင်စေတာ ဖြစ်ပါတယ်။

အခုကာလာရဲ့ တရားဝင်နာမည်ကတော့ Haze Purple ဖြစ်ပါတယ်။ Samsung က “အလှတရားဟာ အပေါ်ယံ မျက်နှာပြင်တစ်ထောက်စာ မဟုတ်ဘူး” လို့ ကြေညာထားတာကြောင့် ဖုန်းရဲ့ UI ပိုင်းမှာလည်း BTS Edition အတွက် အထူး Customize လုပ်စရာတွေ ပါဦးမှာပါ။ အဲ့ဒါတွေကတော့ Live Wallpaper အသစ်၊ BTS ဓါတ်ပုံကတ် ၇ ခု၊ သီးသန့်စတစ်ကာ နဲ့ Lockscreen စသဖြင့် အများကြီးဖြစ်ပါတယ်။

ဟန်းဆက်ကို သီးသန့်မှာယူချင်သူတွေအတွက် BTS ပိုစတာတစ်ခု လက်ဆောင်ပေးမှာဖြစ်ပြီး Buds+ ကိုပါ အတွဲလိုက် မှာယူရင်တော့ BTS ပိုစတာနှစ်ခုရရှိမယ်လို့လည်း ဆိုထားပါတယ်။ လောလောဆယ်တော့ BTS Edition ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် Galaxy S20+ ရဲ့မူလဈေးကတင် ဒေါ်လာ ၁၁၉၉ (မြန်မာကျပ်ငွေ ၁၆ သိန်းခွဲကျော်) ရှိပါတယ်။

Ref – GSMArena