Samsung က ၁၁ ရက်နေ့မှာ Galaxy S20 Series တွေကို ကြေညာတော့မှာဖြစ်ပြီး အခုတော့ တောင်ကိုရီးယားမှာ ‌ရောင်းမယ့်အချိန်နဲ့ ဈေးတွေကို သိလာရပါပြီ။ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းတွေအရ တောင်ကိုရီးယားမှာ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဒေါ်လာ ၁,၀၀၀ ကျော်၊ S20 Ultra ကို ဒေါ်လာ ၁,၃၅၀ (၁၉ သိန်း ၅ သောင်းဝန်းကျင်) နဲ့ ရောင်းမယ်လို့ သိရပါတယ်။

၁၄ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး မတ်လ ၆ ရက်နေ့မှာ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ Galaxy S20 ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ကိုရီးယားဝမ် ၁.၂၅ သန်း သတ်မှတ်ထားမယ်လို့ သတင်းထွက်နေပြီး ဒေါ်လာ ၁,၀၅၂ လောက် ကျသင့်မှာပါ။ မြန်မာငွေနဲ့တွက်ရင် ၁၅ သိန်း ၂ သောင်းလောက်ရှိမှာပါ။ Plus Version အတွက် ဝမ် ၁ သိန်း အပိုပေးရမှာ ဖြစ်ပြီး ဒေါ်လာ ၁,၁၃၇ လောက်ကျသင့်မှာပါ။ မြန်မာငွေနဲ့တွက်ရင် ၁၆ သိန်း ၄ သောင်းလောက်ရှိပါတယ်။

256GB Storage ပါတဲ့ S20 Ultra ကို ဝမ် ၁.၆ သန်း သတ်မှတ်ထားနိုင်ပြီး ၁၉ သိန်း ၅ သောင်းလောက်ရှိနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ Galaxy S20 နဲ့ S20 Plus မော်ဒယ်တွေမှာတော့ 128GB  Storage ပဲပါလာမှာ ဖြစ်ပါတယ်။ ဒီဈေးတွေအားလုံးဟာ 12GB RAM ပါတဲ့ မော်ဒယ်တွေ ဖြစ်ပြီး အခြေခံ မော်ဒယ်တွေ အားလုံးမှာ 12GB RAM ထည့်သွင်းထားမှာပါ။

Ref : gsmarena