[Unicode]

Samsung က နောက်လ ၁၁ ရက်နေ့မှာ Galaxy S20 Series တွေဖြစ်တဲ့ Galaxy S20 5G, Galaxy S20+ 5G နဲ့ Galaxy S20 Ultra 5G တို့ကိုကြေညာတော့မှာပါ။ မကြေညာခင်မှာပဲ Samsung က အမေရိကန်မှာ အဲဒီ Series အတွက် အမှာစာတွေ လက်ခံလိုက်ပါတယ်။ မတ်လ ၆ ရက်နေ့မှာ ပို့ဆောင်ပေးမယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမှာစာ တင်သွင်းတဲ့အခါမှာ ငွေ ကြိုတင်ပေးစရာ မလိုပါဘူး။ အမှာစာဟာ ကြိုတင်မှာယူမှုနဲ့ မတူဘဲ ဖုန်း ဝယ်ယူနိုင်ဖို့ မသေချာပါဘူး။ အမှာစာတင်ထားရင် ကြိုတင်မှာယူခွင့် စတင်တဲ့အခါမှာ အီးမေးကနေ အသိပေးစာရရှိမယ့် အခွင့်အရေး ရှိပါတယ်။ Galaxy S20 Series ကို ကြေညာတဲ့ နောက်လ ၁၁ ရက်နေ့မှာပဲ ကြိုတင်မှာယူခွင့် စတင်နိုင်ပါတယ်။ တခြားနိုင်ငံတွေအတွက် အမှာစာတင်သွင်းခွင့်ကို လာမယ့် ရက်အနည်းငယ်လောက်မှာ ပြုလုပ်ပေးနိုင်ပါတယ်။

Samsung က မိတ်ဆက်ပွဲမှာ ဈေးတွေကိုပါ ကြေညာနိုင်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ Galaxy S20 Ultra 5G ကို ၁,၃၀၀ ဒေါ်လာနဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၁၉ သိန်းလောက်ရှိနိုင်ပါတယ်။ ဥရောပမှာ Galaxy S20 4G ကို ၈၉၉ ယူရိုနဲ့ 5G ကို ၉၉၉ ယူရို သတ်မှတ်ထားနိုင်ပါတယ်။ ၁၄ သိန်း ၅ သောင်းနဲ့ ၁၆ သိန်းလောက် ရှိနိုင်ပါတယ်။ S20+ 5G ဟာ ၁,၀၉၉ ယူရို ကျသင့်နိုင်ပြီး ၁၇ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ Galaxy S20 Series တွေနဲ့အတူ ဒုတိယမြောက် Foldable ဖုန်း ဖြစ်တဲ့ Galaxy Z Flip ကိုပါ ကြေညာနိုင်ပြီး အမေရိကန်မှာ ဒေါ်လာ ၁,၅၀၀ လောက်နဲ့ ရောင်းနိုင်ပါတယ်။ S20 Series တွေထက် ဈေးပိုမြောက်ပြီး ၂၂ သိန်းလောက်ကျသင့်မှာပါ။

Ref : gizmochina

[Zawgyi]

Samsung Galaxy S20 Series အတြက္ အမွာစာ လက္ခံၿပီ

Samsung က ေနာက္လ ၁၁ ရက္ေန႔မွာ Galaxy S20 Series ေတြျဖစ္တဲ့ Galaxy S20 5G, Galaxy S20+ 5G နဲ႔ Galaxy S20 Ultra 5G တို႔ကိုေၾကညာေတာ့မွာပါ။ မေၾကညာခင္မွာပဲ Samsung က အေမရိကန္မွာ အဲဒီ Series အတြက္ အမွာစာေတြ လက္ခံလိုက္ပါတယ္။ မတ္လ ၆ ရက္ေန႔မွာ ပို႔ေဆာင္ေပးမယ္လို႔ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

အမွာစာ တင္သြင္းတဲ့အခါမွာ ေငြ ႀကိဳတင္ေပးစရာ မလိုပါဘူး။ အမွာစာဟာ ႀကိဳတင္မွာယူမႈနဲ႔ မတူဘဲ ဖုန္း ဝယ္ယူႏိုင္ဖို႔ မေသခ်ာပါဘူး။ အမွာစာတင္ထားရင္ ႀကိဳတင္မွာယူခြင့္ စတင္တဲ့အခါမွာ အီးေမးကေန အသိေပးစာရရွိမယ့္ အခြင့္အေရး ရွိပါတယ္။ Galaxy S20 Series ကို ေၾကညာတဲ့ ေနာက္လ ၁၁ ရက္ေန႔မွာပဲ ႀကိဳတင္မွာယူခြင့္ စတင္ႏိုင္ပါတယ္။ တျခားႏိုင္ငံေတြအတြက္ အမွာစာတင္သြင္းခြင့္ကို လာမယ့္ ရက္အနည္းငယ္ေလာက္မွာ ျပဳလုပ္ေပးႏိုင္ပါတယ္။

Samsung က မိတ္ဆက္ပြဲမွာ ေဈးေတြကိုပါ ေၾကညာႏိုင္ပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ Galaxy S20 Ultra 5G ကို ၁,၃၀၀ ေဒၚလာနဲ႔ ေရာင္းႏိုင္ၿပီး ျမန္မာေငြ ၁၉ သိန္းေလာက္ရွိႏိုင္ပါတယ္။ ဥေရာပမွာ Galaxy S20 4G ကို ၈၉၉ ယူ႐ိုနဲ႔ 5G ကို ၉၉၉ ယူ႐ို သတ္မွတ္ထားႏိုင္ပါတယ္။ ၁၄ သိန္း ၅ ေသာင္းနဲ႔ ၁၆ သိန္းေလာက္ ရွိႏိုင္ပါတယ္။ S20+ 5G ဟာ ၁,၀၉၉ ယူ႐ို က်သင့္ႏိုင္ၿပီး ၁၇ သိန္း ၇ ေသာင္းေလာက္ က်သင့္မွာပါ။ Galaxy S20 Series ေတြနဲ႔အတူ ဒုတိယေျမာက္ Foldable ဖုန္း ျဖစ္တဲ့ Galaxy Z Flip ကိုပါ ေၾကညာႏိုင္ၿပီး အေမရိကန္မွာ ေဒၚလာ ၁,၅၀၀ ေလာက္နဲ႔ ေရာင္းႏိုင္ပါတယ္။ S20 Series ေတြထက္ ေဈးပိုေျမာက္ၿပီး ၂၂ သိန္းေလာက္က်သင့္မွာပါ။

Ref : gizmochina