Samsung Galaxy S20 Series ဖုန်းတွေဟာ ယခုနှစ်အတွက် Samsung ရဲ့ ပထမဆုံး Flagship ဖုန်းတွေလို့ ပြောလို့ရပါတယ်။ စျေးနှုန်းအရလည်း ယခင် S10 Series နဲ့ယှဥ်မယ်ဆိုရင် ပိုပြီးများလာသလို အမြင့်ဆုံး Galaxy S20 Ultra ဖုန်းဟာဆိုရင် ဒေါ်လာ ၁,၃၉၉ ကနေ စတင်မှာဖြစ်တဲ့အတွက် Apple iPhone 11 Pro Max လိုဖုန်းထက်တောင် စျေးပိုကြီးနေတာပါ။

ဒါပေမယ့်လည်း အခု SamMobile ရဲ့ ဖော်ပြချက်အရတော့ Samsung Galaxy S20 Series နဲ့ Z Flip စမတ်ဖုန်းတွေဟာ ယခင် Samsung ဖုန်းတွေလိုမျိုးပဲ Android Version ၂ ခုအထိပဲ Update ရရှိမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုနှစ်အတွင်းမှာ မိတ်ဆက်သွားမယ့် Android 11 နဲ့ လာမယ့် ၂၀၂၁ မှာမိတ်ဆက်မယ့် Android 12 ကိုပဲ Update ပြုလုပ်နိုင်မှာပါ။

Samsung အနေနဲ့ အခုနောက်ပိုင်းမှာ Monthly Security Update တွေနဲ့ တခြားသော Flagship မဟုတ်တဲ့စမတ်ဖုန်းတွေကို Update ထုတ်ပေးတဲ့နေရာမှာ ယခင်ကထက်သိသိသာသာပိုပြီးတိုးတက်လာတယ်ဆိုပေမယ့် တခြား Google Pixel နဲ့ OnePlus လိုမျိုး အနည်းဆုံး Major Android Version ၃ ခုအထိ Update ပေးတဲ့ဖုန်းတွေနဲ့ယှဥ်ရင် Major Android Update တွေမှာ လိုက်မမှီသေးဘူးလို့ ပြောရမှာပါ။

Samsung ဟာ ပြီးခဲ့လပိုင်းတွေတုန်းကလည်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S8 နဲ့ Note 8 ဖုန်းတွေကို Android 10 Update ပေးမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ Update ထုတ်ပေးဖို့မရှိဘူးဆိုပြီး အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့တော့ Flagship ဖုန်းတွေကို အနည်းဆုံး ၃ နှစ် Software Support ပေးဖို့တော့ လိုအပ်နေပြီလို့ပြောရမှာပါ။

Ref – Android Central