Samsung ဟာ ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် Galaxy Unpacked Event မှာ  One UI 2.5 ပါတဲ့  Galaxy Note20 Series ကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Galaxy S20 Series စမတ်ဖုန်း ၃ လုံးမှာလည်း One UI 2.5 ကို မကြာခင် ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။

One UI 2.5 ဟာ One UI 2.1 ရဲ့ Update ဖြစ်ပြီး လုပ်ဆောင်ချက်တွေ ပိုကောင်းလာပါတယ်။ အရင်နှစ် Note10 Series အတွက် ထွက်ခဲ့တဲ့ One UI 1.5 ကို S10 Series တွေမှာ ထည့်သွင်းပေးခဲ့သလိုမျိုးကို Samsung က ဒီနှစ်မှာ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ One UI 2.5 မှာ ဗီဒီယိုအတွက် Pro Mode ပါလာပြီး ကင်မရာကို စိတ်ကြိုက်ချိန်ညှိလို့ရလာပါတယ်။

အရင်သတင်းတွေအရ One UI 2.5 ကို အနာဂတ်ထုတ် စွမ်းဆောင်ရည်သင့် Galaxy A စမတ်ဖုန်းတွေအတွက် သာမက Galaxy Fold အသစ်တွေအတွက်ပါ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။ One UI 2.5 ကို နောက်ဆုံးမှ ရမှာက Galaxy M Series တွေ ဖြစ်ပါတယ်။

Ref : gsmarena