Samsung က Galaxy S20 Ultra အတွက် 5G Model ကိုပဲ ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် အခုတော့ Galaxy S20 Ultra LTE Model ရဲ့ သတင်းအချက်အလက်တွေထွက်ပေါ်လာပါတယ်။ 5G Model ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကြေညာခဲ့တာပါ။  အခုဆိုရင် အချိန်နည်းနည်းကြာပြီ ဖြစ်တဲ့အတွက် ကုမ္ပဏီက စိတ်ပြောင်းလဲပြီး LTE Model ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်နိုင်ပါတယ်။

Samsung Indonesia ရဲ့ ဝက်ဘ်ဆိုက်မှာ Galaxy S20 Ultra LTE ကို စာရင်းသွင်းထားပါတယ်။ Samsung Myanmar ဝက်ဘ်ဆိုက်မှာလည်း Galaxy S20 Ultra LTE မော်ဒယ် ရှိနေပါတယ်။ အဲဒီအတွက် 5G ကွန်ရက်ကို ချိတ်ဆက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီ စမတ်ဖုန်းဟာ 5G Ultra နဲ့ အတူတူပဲလား၊ အင်ဒိုနီးရှားမှာ 5G ကွန်ရက် မရသေးတဲ့အတွက် သီးခြား ထုတ်လုပ်ထားတဲ့ 4G Model လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Samsung Indonesia ရဲ့ ဝက်ဘ်ဆိုက်မှာ Galaxy S20 Ultra LTE ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို ဖော်ပြမထားသေးပါဘူး။ Galaxy S20 Series ထဲမှာ Ultra ဟာ စွမ်းရည်အမြင့်မားဆုံး ဖြစ်ပါတယ်။ Samsung က လျှင်မြန်တဲ့ အားသွင်းနည်းပညာကို နောက်ပိုင်းမှာ အဓိက ဖန်တီးလာပါတယ်။ Galaxy S10 မှာ 15W ကနေ Galaxy Note 10 နဲ့ Note 10+ တွေမှာ 25W နဲ့ 45W အသီးသီး ထည့်သွင်းပေးခဲ့ပါတယ်။ မကြာခင်က အသစ်စက်စက် ကြေညာထားတဲ့ Galaxy S20 Ultra မှာ အလန်းစား 45W တောင်ပါလာပြီး 45W Charger နဲ့ 5000mAh ဘက်ထရီကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ဖို့ ၅၈ မိနစ်ပဲ လိုပါတယ်။ 5G Model ကို ၂၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး မတ်လ ၆ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena