Unicode

Samsung ကနေ Flagship စမတ်ဖုန်းတွေမှာ Aluminum Frame ကိုပဲ ဆက်တိုက်အသုံးပြုနေခဲ့တာ အခုဆိုရင် Generation ၅ ခုအထိ ဖြစ်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာတော့ Samsung ကနေ Galaxy S20 Ultra မှာ ပိုကောင်းတဲ့ Stainless-steel Frame တွေကို ပြောင်းလဲအသုံးပြုလာတော့မှာပါ။

လောလောဆယ်မှာတော့ Apple ကနေပဲ ပြီးခဲ့တဲ့ iPhone X ကနေ စတင်ပြီးတော့ iPhone XS ၊ XS Max နဲ့ iPhone 11 Pro နဲ့ 11 Pro Max ဖုန်းတွေမှာပဲ Stainless-steel Frame ကို အသုံးပြုနေတာဖြစ်ပြီးတော့ ကျန်တဲ့စမတ်ဖုန်းတွေအကုန်လုံးက Aluminum Frame တွေကိုပဲ အသုံးပြုနေဆဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ Galaxy S20 Ultra စမတ်ဖုန်းဟာ iPhone တွေပြီးရင် ပထမဆုံး Stainless-steel Frame ကို သုံးမယ့် Flagship ဖုန်းဖြစ်လာတော့မှာပါ။

ဒီလိုမျိုး Galaxy S20 Ultra ဖုန်းမှာ Stainless-steel Frame ကို အသုံးပြုလာမယ်ဆိုပေမယ့် ကျန်တဲ့ Galaxy S20 နဲ့ S20 Plus ဖုန်းတွေမှာတော့ သာမန် Aluminum Frame ကိုပဲ ဆက်ပြီး အသုံးပြုလာဦးမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Galaxy S20 Ultra မှာပဲ Stainless-steel Frame ဟာ 108MP Primary Camera ၊ 100x Space Zoom လိုမျိုး Feature တွေလိုမျိုးပဲ သီးသန့်ဖြစ်နေဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung ကနေ Galaxy S20 Ultra ဖုန်းမှာ Stainless-steel Frame ကို သုံးလာမှာက Flagship ဖုန်းတစ်ခုအနေနဲ့ ပိုပြီး အကြမ်းခံလာတော့မှာပဲဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း ယခင်တုန်းက Samsung Flagship စမတ်ဖုန်းတွေထက် သိသိသာသာကို ပိုများလာဖွယ်ရှိနေပါတယ်။

Ref – GSM Arena

Zawgyi

Samsung ကေန Flagship စမတ္ဖုန္းေတြမွာ Aluminum Frame ကိုပဲ ဆက္တိုက္အသုံးျပဳေနခဲ့တာ အခုဆိုရင္ Generation ၅ ခုအထိ ျဖစ္သြားၿပီျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာေတာ့ Samsung ကေန Galaxy S20 Ultra မွာ ပိုေကာင္းတဲ့ Stainless-steel Frame ေတြကို ေျပာင္းလဲအသုံးျပဳလာေတာ့မွာပါ။

ေလာေလာဆယ္မွာေတာ့ Apple ကေနပဲ ၿပီးခဲ့တဲ့ iPhone X ကေန စတင္ၿပီးေတာ့ iPhone XS ၊ XS Max နဲ႔ iPhone 11 Pro နဲ႔ 11 Pro Max ဖုန္းေတြမွာပဲ Stainless-steel Frame ကို အသုံးျပဳေနတာျဖစ္ၿပီးေတာ့ က်န္တဲ့စမတ္ဖုန္းေတြအကုန္လုံးက Aluminum Frame ေတြကိုပဲ အသုံးျပဳေနဆဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီ Galaxy S20 Ultra စမတ္ဖုန္းဟာ iPhone ေတြၿပီးရင္ ပထမဆုံး Stainless-steel Frame ကို သုံးမယ့္ Flagship ဖုန္းျဖစ္လာေတာ့မွာပါ။

ဒီလိုမ်ိဳး Galaxy S20 Ultra ဖုန္းမွာ Stainless-steel Frame ကို အသုံးျပဳလာမယ္ဆိုေပမယ့္ က်န္တဲ့ Galaxy S20 နဲ႔ S20 Plus ဖုန္းေတြမွာေတာ့ သာမန္ Aluminum Frame ကိုပဲ ဆက္ၿပီး အသုံးျပဳလာဦးမယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ Galaxy S20 Ultra မွာပဲ Stainless-steel Frame ဟာ 108MP Primary Camera ၊ 100x Space Zoom လိုမ်ိဳး Feature ေတြလိုမ်ိဳးပဲ သီးသန္႔ျဖစ္ေနဦးမွာပါ။

ဘာပဲျဖစ္ျဖစ္ Samsung ကေန Galaxy S20 Ultra ဖုန္းမွာ Stainless-steel Frame ကို သုံးလာမွာက Flagship ဖုန္းတစ္ခုအေနနဲ႔ ပိုၿပီး အၾကမ္းခံလာေတာ့မွာပဲျဖစ္ပါတယ္။ ေစ်းႏႈန္းအေနနဲ႔လည္း ယခင္တုန္းက Samsung Flagship စမတ္ဖုန္းေတြထက္ သိသိသာသာကို ပိုမ်ားလာဖြယ္ရွိေနပါတယ္။

Ref – GSM Arena