မကြာခင်တရားဝင်မိတ်ဆက်လာမယ့် Samsung Galaxy S21 စီးရီးဝင် စမတ်ဖုန်းတွေရဲ့ ပေါက်ကြား Render တွေ၊ ဗီဒီယိုတွေက သူတို့ရဲ့ ဒီဇိုင်းကာလာအနေအထားကို ပြသခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ Galaxy S21+ 5G ရဲ့ Hands-on ဗီဒီယိုကိုပါ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

YouTuber Random Stuff 2 က ဒီ Hands-on ဗီဒီယိုကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုမှာ စမတ်ဖုန်းရဲ့ ပါးလျတဲ့ Bezel တွေကို ကြွားလုံးထုတ်ထားတယ်ဆိုရင်လည်း မမှားပါဘူး။ YouTuber ကတော့ S21+ 5G ကို “တကယ့်ကိုကောင်းမွန်တယ်” လို့ ချီးမွမ်းပြောဆိုသလို၊ သူ့အနေနဲ့ ဒီစမတ်ဖုန်းကို အထင်ကြီးပေမယ့် ကင်မရာတွေကတော့ ပုံရိပ်တွေကိုဖမ်းယူရာမှာတော့ အရောင်တွေက တင်းကျမ်းပြည့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘက်ထရီပိုင်းနဲ့ပတ်သက်ရင်လည်း S21+ 5G ဟာ “တကယ်ကောင်းတယ်” လို့ဆိုခဲ့ပြီး၊ တစ်နေကုန် အေးအေးဆေးဆေးသုံးနိုင်တယ်လို့ ညွှန်းထားပါတယ်။ Geekbench 5 အရ S21+5G ဟာ Snapdragon 888 SoC ကို အသုံးပြုထားတာတွေ့ရပါတယ်။ Single-Core ရမှတ် 1,115 နဲ့ Multi-Core ရမှတ် 3,326 မှတ် ရရှိထားတာကိုလည်း တွေ့ရပါတယ်။

ဈေးကွက်ထဲ ပို့ဆောင်ပြီးတဲ့နောက်မှာတော့ လက်ရှိ Geekbench ရမှတ်ထက် ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ Galaxy S21+ 5G ကို မျှော်လင့်နိုင်ပါတယ်။ အခြားဗီဒီယိုတစ်ခုကတော့ Galaxy S21+ 5G ရဲ့ ကင်မရာကို iPhone 12 Pro ရဲ့ ကင်မရာနဲ့ နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် DXOMARK ရဲ့ အကဲဖြတ်သတ်မှတ်ချက်တွေကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena

https://www.youtube.com/watch?v=9U8g3K4k4g4