Samsung Galaxy S21 FE 5G ရဲ့ ဓါတ်ပုံတွေ မကြာခင်က အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပြီးနောက် FCC မှာ စာရင်းတင်ထားခဲ့ပါတယ်။ အခုတော့ TENAA မှာ အဓိက Specs တွေနဲ့အတူ စာရင်းတင်ထားတာတွေ့လာရပါပြီ။

TENAA က စာရင်းအရ Samsung Galaxy S21 FE 5G မှာ ၆.၄ လက်မ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 5G ဖုန်း ဖြစ်ပြီး အရွယ်အစား အပြည့်အစုံမှာ 155.7 x 74.5 x 7.9 mm ဖြစ်ပါတယ်။ 159.8 x 74.5 x 8.4 mm ရှိတဲ့ အရင်မျိုးဆက် Galaxy S20 FE ထက် ပိုသေး၊ ပိုပါးလွှာတာ မြင်ရပါတယ်။

Samsung Galaxy S21 FE 5G

Samsung Galaxy S21 FE 5G ရဲ့ မော်ဒယ်နံပါတ်ဟာ SM-G9900 ဖြစ်ပြီး 45W Fast Charging ထောက်ပံ့တဲ့ 4,370mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ အရင်သတင်းတွေအရ US/China Version နဲ့ Global Version ၂ မျိုး ထွက်လာမယ်လို့ သိရပါတယ်။ ပထမ Version မှာ Qualcomm Snapdragon 888 Chipset နဲ့ ဒုတိယ Version မှာ Samsung Exynos 2100 SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Samsung Galaxy S21 FE 5G မှာ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားနိုင်ပါတယ်။ ကင်မရာတွေအကြောင်း ပြောရရင် အနောက်ဘက်မှာ ၃ လုံးနဲ့ အရှေ့ဘက်မှာ ၁ လုံး ပါလာနိုင်ပါတယ်။ Android 11 အခြေပြု OneUI 3 မောင်းနှင်ထားနိုင်ပြီး White, Mint, Red, Orange, Navy နဲ့ Lavender အရောင်တွေ ထုတ်လုပ်ထားမှာပါ။

Ref : gizmochina