သတင်းများစွာပေါက်ကြားခဲ့တဲ့ Samsung Galaxy S21 FE 5G ကို တရားဝင် ကြေညာလိုက်ပါပြီ။ မျက်နှာပြင်အကြောင်းစပြောရရင် ၆.၄ လက်မ 2340x1080p AMOLED သုံးထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။

Samsung Galaxy S21 FE 5G is everything we expected, on sale January 11 for €749

5G စွမ်းရည် ပါတဲ့ Snapdragon 888 Chipset မောင်းနှင်ထားပြီး ဆဲလ်ဖီးကင်မရာက 32MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP Main (OIS)+12MP Ultrawide+ 8MP 3x Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Samsung Galaxy S21 FE 5G is everything we expected, on sale January 11 for €749

Galaxy S21 FE 5G မှာ Shooting Mode များစွာ ထည့်သွင်းထားပြီး Night Mode က ဓါတ်ပုံ ၁၄ ပုံအထိ ရိုက်ကူးနိုင်ကာ အကောင်းဆုံး ၁ ပုံကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အရှေ့နဲ့ အနောက် ကင်မရာတွေကို တစ်ပြိုင်နက် အသုံးပြုကာ ဗီဒီယိုတွေ ဖန်တီးနိုင်တဲ့ Multi-camera Recording ပါလာပြီး AI Face Restoration က Deep Learning ကို အသုံးပြုကာ မျက်ခုံး၊ နှုတ်ခမ်းတွေရဲ့ Texture တွေကို ပိုကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Object Eraser က သင့် ဓါတ်ပုံထဲက မလိုလားအပ်တဲ့ အရာတွေကို မှော်ဆန်ဆန် ဖျက်ပေးနိုင်ပါတယ်။

S21 FE 5G ဟာ အရင်မျိုးဆက်ထက် ပိုမို ပါးလွှာလာသလို ပိုမို ပေါ့ပါးလာပြီး 4,500mAh ဘက်ထရီက ၂ ရက်အထိ အသုံးခံတယ်လို့ Samsung က ပြောပါတယ်။

Galaxy S21 FE 5G ကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး 8/128GB မော်ဒယ်ကို ၇၄၉ ယူရို သတ်မှတ်ထားကာ မြန်မာငွေ ၁၅ သိန်းလောက်ကျသင့်မှာပါ။ White, Graphite, Lavender နဲ့ Olive ၄ ရောင် ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena