ပြီးခဲ့တဲ့နှစ်က Samsung Galaxy S20 FE ထွက်ခဲ့ပြီးတဲ့နောက် မျိုးဆက်သစ် FE ကိုလည်း စိတ်ဝင်တစားစောင့်မျှော်လာကြပါတယ်။ အခုတော့ Galaxy S21 FE ရဲ့ ပုံစံဟာ ဘယ်လိုရှိသလဲဆိုတာကို အသေးစိတ်ဖော်ပြနေတဲ့ 3D model တွေကို Evan Blass က မျှဝေလာတာ တွေ့ရပါတယ်။

Leakster ရဲ့ဖော်ပြချက်အရ Samsung Galaxy S21 FE ကို White, green, gray, violet နဲ့ blue စတဲ့အရောင်တွေနဲ့အတူ ထောင့်ပေါင်းစုံက ကြည့်မြင်နိုင်ပြီ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကတော့ မျှော်လင့်ထားတဲ့အတိုင်း Galaxy S21 စီးရီးရဲ့ခြေရာကိုနင်းလိုက်သွားတာပါပဲ။ ကျောဘက်က ကြီးမားတဲ့ ကင်မရာသုံးလုံးနဲ့ဘောင်ဟာ ဘေးဘက်ကိုကပ်လျက်သား တည်ရှိနေပါတယ်။

ကြီးကြီးမားမားပြောင်းလဲမှုမရှိဘူးဆိုပေမဲ့ ကျောဘက်ကာဗာနဲ့ Camera bump တို့ရဲ့ အရောင်ပေါင်းစပ်မှုဟာ လိုက်ဖက်ညီနေတာကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။ နောက်ဆုံးရတဲ့အချက်အလက်တွေအပေါ်အခြေခံလိုက်ရင် Galaxy S21 FE ဟာ 6.4-inch SuperAMOLED display ကို 120Hz refresh rate နဲ့ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

ကျန်တဲ့အတွင်းအစိတ်အပိုင်းတွေအဖြစ် Snapdragon 888/Exynos 2100 chipset ကို အသုံးပြုထားပြီး 6/8GB of RAM နဲ့ 128/256GB storage ဆိုပြီး နှစ်မျိုးရှိတာကို သိရပါတယ်။ ကင်မရာပိုင်းမှာတော့ 32MP အဓိကကင်မရာ တပ်ဆင်ထားပြီး 12MP ultrawide နဲံ 8MP telephoto ကင်မရာတို့ ပါဝင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 4,500mAh ပမာဏဖြစ်ပြီး 45W အားသွင်းစနစ်ကို ထောက်ပံ့မယ်လို့ ကောလာဟလထွက်ထားပါတယ်။

Ref: GSM Arena