Samsung Galaxy S21 FE ရဲ့ Specs အပြည့်အစုံဟာ တရုတ်က TENAA မှာ ဇူလိုင်လက ထွက်ပေါ်လာခဲ့တဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ အဲဒီတုန်းက ထင်ခဲ့ကြပါတယ်။ ဒီလ အစောပိုင်းတုန်းကတော့ အဲဒီ စမတ်ဖုန်းကို အောက်တိုဘာလမှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ တောင်ကိုရီးယား မီဒီယာ DDaily က Samsung ဟာ Galaxy S21 FE ကို မထုတ်လုပ်တော့ဘူးလို့ သတင်းပေးလာပါတယ်။

Samsung Galaxy S21 FE 5G

DDaily က Samsung ရဲ့ အရာရှိ ၁ ယောက်က ကုမ္ပဏီဟာ Galaxy S21 Fan Edition (FE) Unpacked Event ကို မကျင်းပတော့ဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။ သူက S21 FE ကို လုံးဝ ထုတ်လုပ်ရောင်းချမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Galaxy Z Flip 3 ရောင်းအား အရမ်း ကောင်းနေတဲ့အတွက် S21 FE ကို မရောင်းချတော့တာလို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာတဝန်းလုံးမှာ Chip အလုံအလောက် မထုတ်လုပ်နိုင်တဲ့အတွက်လည်း ဒီလို ဖြစ်သွားတာလို့ ဆိုပါတယ်။

Galaxy S21 FE leak: No 32 MP camera, smaller display than the S20 FE, more  - NotebookCheck.net News

ဇူလိုင်လမှာတုန်းက S21 FE ရဲ့ Exynos 2100 နဲ့ Snapdragon 888 SoC မော်ဒယ်တွေကို Geekbench နဲ့ Google Play Console တို့မှာ တွေ့ခဲ့ကြရပါတယ်။ အဲဒီ ဖုန်းရဲ့ Support Page ကိုလည်း ဒီလ အစောပိုင်းမှာ လွှင့်တင်ခဲ့ဖူးပြီး အောက်တိုဘာလမှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

S21 FE ကို မရောင်းချတော့ဘူးဆိုတဲ့ အခု သတင်းက တောင်ကိုရီးယားမှာပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တောင်ကိုရီးယား မီဒီယာ FN News က S21 FE ကို နိုင်ငံတချို့မှာပဲ ရောင်းချမယ်လို့ ဇွန်လက သတင်းပေးခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်မှာ မရောင်းချဘဲ အမေရိကန်နဲ့ ဥရောပမှာ ရောင်းမယ်လို့ FN News က ပြောခဲ့ပါတယ်။ Chip မလုံလောက်မှုကြောင့် S21 FE ကို အလုံးရေ ၁ သောင်းပဲ ထုတ်လုပ်ရောင်းချမယ်လို့ အဲဒီ မီဒီယာက သတင်းပေးခဲ့ပါတယ်။

Ref : gizmochina