Samsung Galaxy S21 FE ကို နောက်တစ်ပတ်ထဲ ကြေညာတော့မှာဖြစ်ပါတယ်။ တိတိကျကျပြောရရင် စက်တင်ဘာလ ၈ ရက်နေ့ တရားဝင် မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး အခုလည်း User Manual ကနေ သတင်းအချက်အလက် တချို့ သိလာရပါတယ်။

Samsung Galaxy S21 FE 5G

Samsung Galaxy S21 FE မှာ အနောက်ကင်မရာ ၃ လုံးနဲ့ Punch Hole ဆဲလ်ဖီး ကင်မရာ ပါလာမှာ ဖြစ်ပါတယ်။ အသေးစိတ် သတင်းအချက်အလက်ကို မသိရသေးပေမယ့် အရင် သတင်းတွေအရ 12MP (Wide) + 12MP (Ultrawide)+ 8MP (Telephoto) အနောက်ကင်မရာတွေနဲ့ 32MP ဆဲလ်ဖီး ကင်မရာတွေ ဖြစ်ပါတယ်။

Samsung Galaxy S21 FE kopen, features, review, prijzen, releasedatum

User Manual အရ အဲဒီ စမတ်ဖုန်းမှာ Galaxy S21 မော်ဒယ်တွေမှာလို Ultrasonic Fingerprint Sensor တပ်ဆင်ထားမှာ ဖြစ်ပြီး microSD Card Slot ပါလာမှာ မဟုတ်ပါဘူး။ အရင်နှစ်ထုတ် Galaxy FE မော်ဒယ်မှာ Optical Fingerprint Sensor ပဲ ထည့်သွင်းထားတာ ဖြစ်ပြီး microSD Card Slot တပ်ဆင်ထားပါတယ်။

User Manual မှာ IP68 စံနှုန်း ၊ Dolby Atmos ၊ Wireless DeX ၊ Samsung Pay ၊ Wireless Charging နဲ့ Reverse Wireless Charging တွေ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ အရင်သတင်းတွေအရ နိုင်ငံအပေါ်မူတည်ကာ Qualcomm Snapdragon 888 နဲ့ Exynos 2100 Chipset တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ၆.၄ လက်မ 120Hz FHD+ Super AMOLED မျက်နှာပြင်၊ 8GB RAM ၊ 256GB Storage ၊ 4,500mAh ဘက်ထရီ၊ 25W Fast Charging ၊ 15W Wireless Charging ၊ Android 11 အခြေပြု One UI 3.x တွေ ပါလာနိုင်ပါတယ်။ အရောင် ၄ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပြီး Charger မပါလာနိုင်ပါဘူး။

Ref : gizmochina