Galaxy Note20 Series ကို တစ်ကမ္ဘာလုံးမှာ ရောင်းတာတောင် မကြာသေးပါဘူး။ အခုတော့ Samsung ဟာ နောက်ထပ် စွမ်းရည်မြင့် Galaxy S21 Series တွေအတွက် အာရုံစိုက်နေပါပြီ။ Samsung ဟာ တရုတ်က 3C အာဏာပိုင် အဖွဲ့အစည်းမှာ မော်ဒယ်နံပါတ် SM-G9910 ကို မှတ်ပုံတင်ထားပြီ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းဟာ ရိုးရိုး Galaxy S21 ဖြစ်နိုင်ပါတယ်။ 3C က အဲဒီ စမတ်ဖုန်းမှာ 25W Charging ပါလာမယ်လို့ ဖော်ပြထားတဲ့အတွက် Galaxy S20 နဲ့ တူသွားမှာ ဖြစ်ပါတယ်။

Samsung Galaxy S21 gets certified on 3C with 25W charging

Galaxy S20 ရဲ့ မော်ဒယ်နံပါတ်ဟာ SM-G981X ဖြစ်တဲ့အတွက် အခု စမတ်ဖုန်းဟာ အရွယ်အစား အသေးဆုံး Galaxy S21 ဆိုတာ သေချာသလောက် ရှိပါတယ်။ မော်ဒယ်နံပါတ် SM-G9910 ရဲ့ နောက်ဆုံး ဂဏန်း 0 ဟာ အဲဒီ စမတ်ဖုန်း ရောင်းချမယ့် နိုင်ငံကို ရည်ညွှန်းပါတယ်။

Samsung Galaxy S21 gets certified on 3C with 25W charging - GSMArena.com news

3C မှာ Galaxy S21 ရဲ့ ဘက်ထရီ ပမာဏကို မဖော်ပြထားသေးပေမယ့် ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်း ၁ ခု အရ အနည်းဆုံး 3,880mAh ဘက်ထရီ ပါလာမယ်လို့ သိရပါတယ်။

ကိုရီးယား မီဒီယာတွေက Galaxy S21 Series တွေမှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ မပါလာနိုင်ဘူးလို့ ဖော်ပြနေကြပါတယ်။ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းကို ZTE က မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။ တခြား တရုတ် ကုမ္ပဏီတွေကလည်း အဲဒီ နည်းပညာ ပါတဲ့ စမတ်ဖုန်းတွေကို ကြေညာဖို့ စိုင်းပြင်းနေကြပါတယ်။ နောက်နှစ် အစောပိုင်းထွက်မယ့် Galaxy S21 Series တွေမှာတောင် အဲဒီ နည်းပညာ မပါလာနိုင်ဘူးဆိုတော့ Samsung ဟာ ပြိုင်ဖက်တွေထက် နောက်ကောက်ကျသွားနိုင်ပါတယ်။

Ref : gsmarena