Samsung ရဲ့ Galaxy S21 သုံးမျိုးကို လာမယ့် ရက်သတ္တပတ်မှာ တရားဝင်ရောင်းချတော့မှာဖြစ်ပါတယ်။ အများစုကတော့ လက်လီအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပေမယ့် အရောင်တချို့ကတော့ Samsung Online store မှာပဲ သီးသန့်ရောင်းချမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ Samsung Australia ကတစ်ဆင့် Galaxy S21+ ရဲ့ အရောင်သစ်တစ်မျိုးကို သိခွင့်ရခဲ့ပါတယ်။ ဒီအရောင်က “Phantom Green” ဖြစ်ပြီး မတော်တဆပေါက်ကြားလာတာလို့ သိရပါတယ်။ “Phantom Gold” နဲ့ “Phantom Red” တို့ကိုတော့ ကြေညာကတည်းက ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

Samsung Australia က Pre-order တင်လို့ရနိုင်တဲ့ကုန်စည်စာရင်းကို ဖော်ပြရာမှာ Galaxy S21+ အတွက် “Phantom Green” အရောင် လည်း မတော်တဆ ပါဝင်လာခဲ့တာပါ။ ဒါပေမယ့် ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာတော့ ဒီအရောင်နဲ့ Galaxy S21+ ကို ဖော်ပြထားခြင်းမရှိသေးပါဘူး။

LetsGoDigital က ဖန်တီးဖော်ပြတဲ့ 3D renders မှာတော့ အစိမ်းရောင်ဗားရှင်း ပါဝင်တာကို မြင်တွေ့နိုင်ပါတယ်။ ထပ်ပြီးသိရတာက “Phantom Green” ဟာ Special Edition မဟုတ်ဘူးဆိုတာပါပဲ။ အခြား S21+ ယူနစ်တွေလိုပဲ 128GB နဲ့ 236GB သိုလှောင်မှုပမာဏတွေဖြစ်မယ်လို့ သိရပါတယ်။ ဒါကြောင့်ဈေးနှုန်းကလည်း အတူတူပဲဖြစ်လာနိုင်ပါတယ်။

Ref: GSM Arena