Samsung Galaxy S21 ရဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ ၁ ပတ်က ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး ဖုန်း ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။ Flat Display တပ်ဆင်ထားပြီး Punch Hole ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်ထားတာ မြင်ရပါတယ်။ အခုတော့ Galaxy S21 ရဲ့ ကင်မရာ Housing ဓါတ်ပုံ တွစ်တာမှာ ထွက်ပေါ်လာပြီး အရင်ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေက ကင်မရာ ဒီဇိုင်းနဲ့ တူပါတယ်။

Samsung Galaxy S21 rear camera housing surfaces

Samsung ကတော့ ၂၀၂၁ ခုနှစ်ထွက်မယ့် စွမ်းရည်မြင့် Galaxy S Series တွေ အကြောင်း ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါတယ်။ ဒါပေမယ့် မကြာခင်က ထွက်လာတဲ့ သတင်းအရ Samsung ဟာ နောက်နှစ်မှာ ဖေဖော်ဝါရီလ အစား ဇန်နဝါရီလမှာ Galaxy S21 Series တွေကို ကြေညာမယ်လို့ သိရပါတယ်။

Galaxy S21 အပြင် S21 Ultra ရဲ့ ဓါတ်ပုံလည်း ပေါက်ကြားထွက်ပေါ်နေပြီး Punch Hole မျက်နှာပြင် တပ်ဆင်ထားတာ တွေ့ရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

Galaxy S21 ရဲ့ မျက်နှာပြင်ဟာ ၆.၂ လက်မ ဖြစ်ပြီး S21 Ultra ကတော့ ၆.၇ ကနေ ၆.၉ လက်မအတွင်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းတွေရဲ့ Specs အပြည့်အစုံတော့ မထွက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena