Samsung Galaxy S21 Ultra ရဲ့ Specs အသေးစိတ် ပြီးခဲ့တဲ့ ၁ ပတ်က ထွက်ပေါ်ခဲ့ပြီး အခုတော့ S21 နဲ့ S21+ ရဲ့ အလှည့်ကျရောက်လာပါပြီ။ အဲဒီဖုန်း ၂ လုံးအတွက် အမေရိကန်မှာ Snapdragon 888 SoC နဲ့ ဥရောပမှာ Exynos 2100 Chipset ထည့်သွင်းထားမှာပါ။ Android 11 အခြေပြု One UI 3.1 , 8GB RAM ပါလာမှာပါ။ Storage အပိုင်းမှာ 128GB နဲ့ 256GB ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး microSD Card Slot ပါလာမှာ မဟုတ်ပါဘူး။

Galaxy S21 (on left) and Galaxy S21+ (on right)

S21 မှာ ၆.၂ လက်မ FullHD+ Infinity-O Dynamic AMOLED မျက်နှာပြင်နဲ့ Plus မှာ ပိုကြီးတဲ့ ၆.၇ လက်မ FullHD+ Infinity-O Dynamic AMOLED မျက်နှာပြင် ပါလာမှာပါ။ ၂ လုံးစလုံးမှာ Gorilla Glass Victus နဲ့ 120Hz Refresh Rate ထည့်ထားမှာပါ။

S21 နဲ့ S21+ မှာ 64MP အပါအဝင် ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင် အထက် အလယ်မှာ 10MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာပါ။ S21 မှာ 4,000mAh ဘက်ထရီနဲ့ Plus မှာ 4,800mAh ဘက်ထရီ ထည့်သွင်းထားမှာဖြစ်ပြီး ဘူးထဲမှာ Charger ပါလာမှာ မဟုတ်ပါဘူး။ Specs Sheet ကို အောက်မှာ လေ့လာနိုင်ပါတယ်။

အဲဒီ ဖုန်း ၂ လုံးရဲ့ ဈေးနှုန်းတွေ မကြာခင် ပေါက်ကြားခဲ့ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့ S21 ကို ၈၄၉ ယူရိုနဲ့ Plus ရဲ့ 128GB Version ကို ၁,၀၄၉ ယူရို သတ်မှတ်ထားမှာပါ။ ၁၄ သိန်းနဲ့ ၁၇ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena