Samsung က နောက် ၁ ပတ်မှာ Galaxy S21 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး ကုမ္ပဏီက အဲဒီ စမတ်ဖုန်းတွေအတွက် ဝက်ဘ်ဆိုက်ကိုလည်း လွှင့်တင်ထားပြီးပါပြီ။ Galaxy S21 Series မှာ Galaxy S21 , Galaxy S21 Plus နဲ့ Galaxy S21 Ultra ၃ လုံး ပါလာနိုင်ပြီး အဲဒီ စမတ်ဖုန်းတွေအတွက် Landing Page တွေကို သီးခြားပြုလုပ်ထားမှာ ဖြစ်ပါတယ်။ 128GB , 256GB နဲ့ 512GB Storage တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အရောင်တွေကလည်း စုံလင်မှာ သေချာပါတယ်။

Samsung Galaxy S21: release date, price, specs, and more | T3

အခုတော့ အဲဒီ စမတ်ဖုန်းတွေအတွက် အရောင် ၁၁ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး အဲဒီ အရောင်တွေက Black, Brown, Gold, Gray, Navy, Pink, Red, Silver, Titanium, Violet နဲ့ White တို့ ဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။

Samsung Galaxy S21 series to arrive in 11 colors

Samsung က ဒီလ ၁၄ ရက်နေ့ ကျင်းပမယ့် ဖုန်း ကြေညာပွဲမှာ အဲဒီ အရောင်အားလုံးကို မိတ်ဆက်မှာ မဟုတ်ဘဲ တချို့ကိုပဲ ချပြထားမှာပါ။ နောက်ပိုင်းကျမှ အရောင် အသစ်တွေကို တိုးချဲ့ ရောင်းချနိုင်ပါတယ်။ Samsung က အဲဒီ နည်းလမ်းနဲ့ Galaxy S21 ဖုန်းတွေ ၁ နှစ်ပတ်လုံး ရောင်းအား ကောင်းအောင် ပြုလုပ်မှာပါ။

တချို့ အရောင်တွေကို မတူညီတဲ့ ဗားရှင်းတွေနဲ့ ရောင်းချနိုင်ပါတယ်။ ဥပမာအနေနဲ့ Samsung Italy ဟာ Enterprise Edition နာမည်နဲ့ Galaxy S21 5G Phantom Gray အရောင်ကို ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ Galaxy S21 Ultra 5G Phantom Black အရောင်ကိုလည်း ရောင်းချနိုင်ပါတယ်။

Ref : gsmarena