Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ Galaxy S21 Series Flagship ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S21 Series ဖုန်းတွေဟာ လက်ရှိသိထားရသလောက် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်တဲ့အတွက် ပုံမှန်ထက် ၁ လဝန်းကျင်ပိုစောပြီး မိတ်ဆက်လာမှာလည်းဖြစ်ပါတယ်။

အခုလည်း Galaxy S21 Ultra စမတ်ဖုန်းရဲ့ သတင်းတွေက ပေါက်ကြားလာခဲ့ပြန်ပါပြီ။ အဆိုပါသတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Ice Universe ရဲ့ ပြောကြားချက်အရတော့ Galaxy S21 Ultra စမတ်ဖုန်းမှာ 108MP Primary Camera ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပေမယ့် Samsung ISOCELL HM3 Sensor အသစ်ကိုအဆင့်မြှင့်တင်ထားမယ်လို့ သိရပါတယ်။ Pixel Size အနေနဲ့ 0.8μm အထိရှိမှာဖြစ်ပြီး ပြီးခဲ့တဲ့ Galaxy S20 Ultra ရဲ့ Camera ထက် အလင်းဝင်နှုန်း ၁၂ ရာခိုင်နှုန်းအထိ ပိုကောင်းမွန်လာမှာပါ။

Samsung ဟာ လာမယ့်နှစ်မှာလည်း Galaxy S21 ၊ S21+ နဲ့ S21 Ultra ဆိုပြီး မိတ်ဆက်လာမှာဖြစ်ပြီး S21 Ultra ဖုန်းမှာ S Pen Support ပါ ရရှိလာဖွယ်ရှိနေပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ 5nm Architecture ကို အခြေခံထားတဲ့ Qualcomm Snapdragon 875 သို့မဟုတ် Exynos 2100 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို ပိုကောင်းလာမှာကတော့ သေချာနေပါပြီ။

ဘာပဲဖြစ်ဖြစ် နောက်လာမယ့် ရက်သတ္တပတ်အတွင်းမှာ Samsung Galaxy S21 Series ဖုန်းတွေနဲ့ သက်ဆိုင်တဲ့သတင်းတွေကို ထပ်မံသိရှိရဖွယ်ရှိနေပါတယ်။

Ref – Giz China