နောက်ဆုံးထွက်လာတဲ့သတင်းအရဆိုရင်တော့ Samsung ရဲ့ Galaxy S22 တွေရဲ့ မိတ်ဆက်ချိန်ဟာ နောက်ကိုရွှေ့သွားပြန်ပါပြီ။ လာမဲ့နှစ်ဦး ဇန်နဝါရီလထဲမှာတော့ Galaxy S21 EF ကို မိတ်ဆက်လာပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် Galaxy S22 မိသားစုရဲ့ ပေါက်ကြားသတင်းတွေက ထွက်မြဲထွက်ဆဲပါပဲ။

အစောပိုင်းရရှိတဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး Galaxy S22 မိသားစုရဲ့ တရားဝင်မဟုတ်တဲ့ Renders တွေနဲ့ အခြားအချက်အလက်တွေအများကြီး ထွက်ပေါ်ခဲ့ပြီးပါပြီ။ မကြာသေးခင်ကပဲ Galaxy S22 Ultra ရဲ့ Dummy unit ပြင်ပရုပ်ပုံကို ဖော်ပြခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ Dummy unit နဲ့ ကနဦး Renders တွေကြားမှာ ကွာဟချက်တွေလည်း ရှိနေတာအမှန်ပါပဲ။

အခုတစ်ခါထပ်ထွက်လာတဲ့ ပေါက်ကြားသတင်းက Galaxy S22 နဲ့ S22 plus တို့ရဲ့ အရှေ့ဘက်မျက်နှာပြင်အနေအထားကို ဖော်ပြထားတာပါ။ ဒီသတင်းကိုသယ်ဆောင်လာသူက Ice Universe ဖြစ်နေတဲ့အတွက် စိတ်ဝင်စားစရာကောင်းနေတာ ဖြစ်ပါတယ်။ ရုပ်ပုံမှာမြင်တွေ့ရတာက Glass module အစစ်အမှန်မဟုတ်ပါဘူး။ Tempered glass protector တွေပါ။

Major case နဲ့ အခြား Accessory ပြုလုပ်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်အလက်တွေကို ကုမ္ပဏီကထုတ်ပေးရတဲ့အတွက် ဒီကနေတစ်ဆင့် ဖုန်းတွေရဲ့ အတိုင်းအတာတွေ၊ အသွင်အပြင်နဲ့ အဓိကအချက်အလက်အချို့ဟာ ပေါက်ကြားထွက်ပေါ်လာလေ့ရှိပါတယ်။ ဒါကြောင့် အခုမြင်တွေ့ရတဲ့အတိုင်းဆိုရင် Galaxy S22 နဲ့ S22 Plus တို့ကို ပတ်ပတ်လည် Bezel မရှိသလောက်ပုံစံမျိုးနဲ့မြင်တွေ့ရဖို့ မျှော်လင့်နိုင်ပါတယ်။

ကနဦးထွက်ပေါ်ထားတဲ့သတင်းတွေမှန်မယ်ဆိုရင်တော့ S22 တွေဟာ S21 တွေထက် အနည်းငယ်ပိုကျယ်ပြီး ပိုပါးလာပါလိမ့်မယ်။ ဘေးပတ်လည် Bezel တွေဟာ အတော်လေးကိုကျဉ်းမြောင်းနိုင်တယ်ဆိုပေမဲ့ Screen protector တွေက ပကတိအတိုင်းအတာကို ကိုယ်စားမပြုနိုင်တာလည်း ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Galaxy S22 တွေရဲ့ မျက်နှာပြင်ပိုင်းက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာတာတော့ အမှန်ပါပဲ။

Ref: GSM Arena