Samsung ဟာ အခုအချိန်မှာ Galaxy S22 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Galaxy S22 Series ဖုန်းတွေဟာ Software ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ OneUI 4.1 ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Samsung Galaxy S22 Series ဖုန်းတွေဟာ လက်ရှိ တချို့သော Samsung ဖုန်းတွေမှာပါဝင်တဲ့ Feature တစ်ခုဖြစ်တဲ့ Virtual RAM ကိုပါ Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy S22 Series ဖုန်းတွေမှာ ပုံမှန်ပါဝင်တဲ့ Physical RAM အပြင် 2GB ၊ 4GB ၊ 6GB နဲ့ 8GB အထိ ကိုယ့်စိတ်ကြိုက်ထပ်တိုးပြီး အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

ယခုနည်းပညာဟာ ဖုန်းထဲက Storage ကို Virtual RAM အနေနဲ့ ပြောင်းလဲအသုံးချတာဖြစ်တဲ့အတွက် Windows ရဲ့ Virtual RAM နဲ့ လုပ်ဆောင်မှုပုံစံ ဆင်တူမှာဖြစ်ပါတယ်။ ဒါကြောင့် Physical RAM က မလုံလောက်တဲ့အချိန်မျိုးမှာ ယခု Virtual RAM ကနေ ရယူအသုံးပြုမှာဖြစ်ပြီး Storage ကနေ ပြောင်းလဲထားတဲ့ RAM ဖြစ်နေတဲ့အတွက် Speed ပိုင်းမှာတော့ အနည်းငယ်လျော့နည်းမှာဖြစ်ပါတယ်။

ယခင်ကတည်းက Samsung ကနေ Galaxy ဖုန်းတွေအတွက် Virtual RAM ကို Support ပေးနေခဲ့ပေမယ့် ယခု Galaxy S22 Series ဖုန်းတွေမှာပါဝင်တဲ့ OneUI 4.1 ကျမှ Virtual RAM ကို 4GB အစား 8GB အထိ ရွေးချယ်နိုင်တာဖြစ်ပါတယ်။

Ref – Gizmo China