Storage တော်လှန်ရေး စတင်နေတာတော့ ကြာခဲ့ပါပြီ။ ဒီနေ့ခေတ် Android ဖုန်းတစ်လုံးဟာ အနည်းဆုံး 32GB storage မှမဟုတ်ရင် Keypad ဖုန်းထက် နည်းနည်းပိုအဆင့်မြင့်တဲ့ စမတ်ဖုန်းတစ်လုံးလို့ပဲ ပြောရမလို ဖြစ်နေပါပြီ။ ရွေးချယ်ခွင့် သိပ်များများစားစားမရှိတဲ့ ဈေးကွက်တွေမှာတော့ တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် မလွှဲသာမရှောင်သာ လက်ခံရပေမဲ့ Mid-range တွေမှာတော့ အနည်းဆုံးပမာဏက 64GB ဖြစ်နေပါပြီ။

Samsung ကတော့ သူ့ရဲ့ ပရီမီယံဖုန်းတွေမှာ အနည်းဆုံး Storage ပမာဏကို 256GB အဖြစ် သတ်မှတ်လိုက်တယ်လို့ ယုံကြည်ရပါတယ်။ Twitter မှာ Ahmed Qwaider တင်ထားတဲ့ ကောလာဟလအရ 128GB storage မရှိတော့ဘူးဆိုရင် Galaxy S23 Ultra မှာ 8GB RAM ဗားရှင်းမရှိတော့ဘဲ 12GB RAM ဗားရှင်းပဲ ရှိတော့တယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Leakster ဟာ S23 နဲ့ S23+ အတွက် သိုလှောင်မှုပမာဏကို ရွေးချယ်စရာ တစ်မျိုးပဲ တင်ပေးခဲ့ပေမဲ့ Ultra ဗားရှင်းအတွက်တော့ သုံးမျိုးတင်ခဲ့ပါတယ်။ ဒါကြောင့် သူတင်ခဲ့တာဟာ မျိုးကွဲအကုန်လုံးရဲ့စာရင်းလား၊ ဒါမှမဟုတ် Top-tier တစ်မျိုးတည်းအတွက်လား ဆိုတာ မေးခွန်းထုတ်စရာလည်း ဖြစ်လာပါတယ်။

Galaxy S22 နဲ့ Galaxy S22+ နှစ်မျိုးစလုံးဟာ 8/128GB ကနေ စတင်ခဲ့ပေမဲ့လည်း အခုအချိန်မှာတော့ Galaxy S23 နဲ့ Galaxy S23+ တို့ဟာ 8/256GB ကို အခြေခံဗားရှင်းအဖြစ် ထားရှိမှာ ဖြစ်ပါတယ်။ Galaxy S23 Ultra မှာတော့ 12/256GB, 12/512GB နဲ့ 12GB/1TB ဆိုပြီး ရွေးချယ်စရာသုံးမျိုး ရှိနေပါတယ်။

၂၀၂၂ Flagship တွေမှာ Storage chip တွေဟာ UFS 3.1 တွေဖြစ်ပေမဲ့ Galaxy S23 စီးရီးဟာ UFS 4.0 ကို ပြောင်းလဲသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ 2x ပိုမြန်တဲ့ Read speed နဲ့ 1.6x ပိုမြန်တဲ့ Sequential write speed ကို ယူဆောင်လာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းအင်သက်ရောက်မှုမှာလည်း ၄၆% အထိ တိုးတက်လာမှာလည်းဖြစ်ပြီး ဘက်ထရီသက်တမ်းကိုလည်း ပိုကြာရှည်စေနိုင်ပါတယ်။

Ref: GSM Arena