Samsung က Galaxy S23 Series ကို ကြေညာမယ့် Galaxy Unpacked Event  ကျင်းပမယ့် နေ့ကို အတည်ပြုလိုက်ပါတယ်။ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်ဧည့်သည်တွေ တက်ရောက်တဲ့ Launch Event ကို Samsung က အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြုလုပ်မှာပါ။

Launch Event ကို Samsung.com, Samsung Newsroom နဲ့ Official YouTube Channel တို့ကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။ ပေါက်ကြား Teaser တွေအရ Samsung ဟာ Galaxy S23 Series မှာ ကင်မရာ စွမ်းရည်ကို အဓိက ဖန်တီးထားမှာ ဖြစ်ပါတယ်။

ပေါက်ကြားသတင်းတွေအရ Galaxy S23 နဲ့ S23 Plus မှာ 50MP (Main , OIS), 12MP Ultrawide နဲ့ 10MP Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားမှာပါ။ Galaxy S23 Ultra ဟာ 200MP ကင်မရာ သုံးထားတဲ့ Samsung ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ အဲဒါနဲ့အတူ 12MP Ultrawide , 10MP Telephoto , 10MP Periscope Zooom ကင်မရာတွေနဲ့အားဖြည့်ထားမှာပါ။

ပေါက်ကြား ဗီဒီယိုတွေအရ S23 ၃ လုံးမှာ Low Light Photography ကို အဓိက ဖန်တီးထားမှာ ဖြစ်ပြီး Samsung ဟာ Facebook , Instagram နဲ့ TikTok တို့လို App တွေမှာ S23 Series နဲ့ ဓါတ်ပုံကောင်းတွေ ရိုက်ကူးနိုင်အောင် ထိပ်တန်း လူမှုကွန်ရက် ကုမ္ပဏီတွေနဲ့ ပူးပေါင်းထားတယ်လို့ သတင်းထွက်နေပါတယ်။

Galaxy S23 Series မှာ Snapdragon 8 Gen 2 Mobile Platform ရဲ့ Custom-made Version ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ S23 Series ၃ လုံးရဲ့ ကျန်တဲ့ Specs တွေဟာ S22 Series နဲ့ အများစု တူညီကြမှာပါ။

Ref : gizmochina