Samsung က Galaxy S24 Series အတွက် Software Update ၇ နှစ်အထိ ပေးမယ်လို့ သတင်းထွက်လာပါတယ်။ Samsung ရဲ့ Galaxy AI ကို S24 Series မှာ ထည့်သွင်းပေးထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အခကြေးငွေနဲ့ ဝန်ဆောင်မှုပေးနိုင်ပါတယ်။

အခု ပေါက်ကြားသတင်းမှာ Galaxy S24 , Galaxy S24+ နဲ့ Galaxy S24 Ultra ရဲ့ ဓါတ်ပုံတွေနဲ့ ကင်မရာ သတင်းအချက်အလက်တွေလည်း ပါလာပါတယ်။

ဓါတ်ပုံတွေအရ Galaxy S24 Ultra ရဲ့ ကင်မရာ သတင်းအချက်အလက်တွေကို သိလာရပါတယ်။ Optical Quality Zoom ဟာ ၂ ဆ ပိုကောင်းလာပြီး Wide Angle Main ကင်မရာမှာ 2x Digital Zoom နဲ့ Telephoto ကင်မရာမှာ 5x Zoom ပါလာမှာပါ။ ဓါတ်ပုံတွေကို AI နဲ့ Editing ပြုလုပ်နိုင်မှာပါ။

Galaxy AI စွမ်းရည်ကို သတ်မှတ်ထားတဲ့ Galaxy Device တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြား စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေမှာပါ အသုံးပြုလို့ရလာမှာပါ။ ၂၀၂၅ ခုနှစ်အထိ Galaxy AI ကို အခမဲ့ အသုံးပြုနိုင်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Samsung က Galaxy AI ရဲ့ လုပ်ဆောင်ချက်တချို့ကို အခကြေးငွေနဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena